အပိုင်း၉

1.3K 16 0
                                    

နွေအိပ်မက်🌷[summer dream🌸]

အပိုင်း ၉❄️

အဝတ်အစား လဲပြီး အောက်ထပ်ဆင်းလာတော့ ဆိုင်ကယ်ဉီးထုက်ဆောင်းထားတဲ့ ကိုငယ့် ကိုတွေ့ရသည်။

" တာလေး သွားရအောင်လေ "

" ဘယ်ကိုလဲ ကိုကို "

" မြို့ထဲကိုပေါ့ "

အမြဲတန်း ဟန်ဆောင်နေတဲ့ကိုငယ့်ကို မုန်းချင်လာသည်။
ဒီတိုင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရပါတယ်။
မေမေတို့ စိတ်မကောင်း မဖြစ်အောင်လို့ခုလိုဆက်ဆံပေးနေတာ သိပင်မယ့်ကိုငယ် ကိုယ်တိုင်လဲ နေရခက်နေမှာပဲလေ။

" မသွားချင်ဘူး ကိုကို "

" အယ် သမီးကလဲ သွားလိုက်ပါ နောက်တစ်ခေါက်ရောက်ဖို့က မလွယ်ဘူးလေ "

" ဟုတ်တယ် တာလေး မြန်မြန်အဝတ်လဲပြီးဆင်းခဲ့ "

ဆုပေးသင့်လား။တစ်ကယ်ကို ဟန်ဆောင်ကောင်းပါတယ်ကိုငယ်ရယ်။

တာတာ အဝတ်လဲပြီးဆင်းလာတော့ ကိုငယ်က ဆိုင်ကယ်ပေါ်တောင်ရောက်နေပြီ။

ဆိုင်ကယ် ဉီးထုပ်ကမ်းပေးချိန်လှမ်းယူလိုက်ပင်မယ့်ကိုငယ်က ပြန်ယူပြီး တာတာ့ခေါင်းမှာ ဆောင်းပေးသည်။

" တက်လေ "

" ဟုတ် "

ဆိုင်ကယ်ပေါ် တက်လိုက်ချိန် အားနဲ့မောင်းထွက်သွားတာမို့ကိုငယ့် ခါးကို လှမ်းဖက်ထားလိုက်ရသည်။

" မယ်ရီ ခရစ္စမတ် ပါ ကိုငယ် "

" အင်း "

ခရစ္စမတ် အလှ ပစ္စည်းတွေရောင်းတဲ့ဆိုင်ကိုအရင်သွားလိုက်ကြသည်။အထဲက ခရစ္စမတ် ဉီးထုပ်လေးတွေကိုကြည့်ပြီး ကိုငယ်နဲ့တူတူဆောင်းချင်လာပြန်သည်။သို့ပင်မယ့်လဲ။

" လိုချင်တာ ဝယ်လေ "

" ဉီးထုပ် လေးနဲ့ အက်ျီလေး ဆင်တူ ဝယ်ဝတ် ရအောင်လေ "

" ကျစ် ပေါတောတောနဲ့ ညီမ သူလိုချင်တာတွေ ထုတ်ထားလိုက် ဒီမှာပဲစောင့်နေနော် ငါ ဟိုနားခဏသွားဉီးမယ် "

" ဟုတ် "

ကိုငယ်က သဘောတွေ ဇွတ်ကောင်းနေပြန်ပါပြီ။တာတာ ပစ္စည်းတွေရွေးနေတုန်း ကိုငယ် ကပြန်ရောက်လာသည်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now