အပိုင်း၁၁

1.4K 17 0
                                    

နွေအိပ်မက် 🌷[summer dream 🌸]

အပိုင်း၁၁🌸

"  သူလက်ခံလိုက်ပါပြီ သခင် "

စက် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။poor girl လေးဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့ အတွက် စက်မှာ အနားယူနေရင်းကမြန်မာပြည်တစ်ခေါက်ပြေးရသေးသည်။အရင်ကဆို
၄ နှစ်၅နှစ်လောက် အနားယူပြီးမှ ပြန် လာတတ်တဲ့စက်က  သူမနဲ့ကျမှ။  ဂျိုးဇက်ဆီက တစ်ဆင့် နေ့တိုင်း သူမအကြောင်းတွေကြားရသည်။ကိုယ့်မှာအနားယူတယ်လို့သာ နာမည်ခံထားရတာ တစ်ကယ်တော့ သူ့အကြောင်းတွေကို တိတ်တစိတ် စုံစမ်းနေမိတာ။

" ဟွန်း အိမ်ထောင်ရေး ဖောက်ပြန်မှုတဲ့လား မင်းက ဘာလို့ဒီလောက်တောင်သနားစရာကောင်းရတာလဲ poor girl ရယ် "

သူ့ယောက်ျား အကြောင်းမကောင်းတာတွေကြားရတယ်။
သူတို့ အိမ်ထောင်ရေးက ဘယ်သူ့အမြင်မှာမဆို အဆင်မပြေတာ သိသာပင်မယ့် ခုလိုဖောက်ပြန်တာမျိုးကျ ယောက်ျားလေး အချင်းချင်းတောင် ရွံသည်။

အချစ်က မျက်စိမရှိဘူးဆိုတာ   ဟုတ်ပါလိမ့်မယ်။စက်လဲ မျက်ကန်းတစ်ယောက်ဖြစ်ခဲ့ဖူးတယ်လေ။ဘဝရဲ့တစ်ကွေ့မှာ ပေါ့။ဒါပင်မယ့် ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်တာကတော့ လွန်းလွန်းပါတယ်။လွန်ပင်မယ့်လဲသူမကို အပြစ်မမြင်ရက်ပါဘူး ။သိပ်ပြီး ဆိုးဝါးလှတဲ့ အချစ် အဆိပ်မိနေရင် ဒီလိုပဲ မျက်ကန်းဖြစ်သွားတတ်တယ်လေ။ ကိုယ့် အနာဂတ်တက်လမ်းတွေကိုတောင်မမြင်နိုင်တော့တဲ့ အထိပေါ့။

🌸.

" အရှင်ဘုရား တပည့်တော်ရဲ့ ဘဝ ဝဋ်ကြွေးတွေရှိရင်ဒီမျှနဲ့သာ ကြေပါစေ တော့ဘုရား ..."

တာတာ နောက်ဆုံးအနေနဲ့ ရွှေတိဂုံ ဘုရားကြီးမှာ ပန်းဆီးမီး ရေချမ်းကပ်လှူပြီး ကိုယ့် အတွက်ကိုယ် ဆုတောင်း သလို မာမီနဲ့ ဒယ်ဒီအတွက်ရည်စူးပြီးရွှေသက်န်း ကပ်ခဲ့သေးသည်။လေယျာဉ်ချိန်က ညနေ ၃နာရီမှ မို့ ချောချော တို့ အိမ်ကို မပြန်ဖြစ်သေး။မနေ့ကသူသာ မရှိရင်  တာတာဆိုတာ ခုချိန်မှာကတ္တရာလမ်းမှာပြားချပ်နေလောက်ပါပြီ။

" သမီးလေး "

ခါးကုန်းကုန်း ။ဖွာလန်ကြဲနေတဲ့ ဆံပင်တွေကို သင့်သလို
သားရေကွင်း တစ်ကွင်းနဲ့ ချည်နှောင်ထားပြီး အဝတ်အစား မသားနားလှတဲ့ အဘွားကြီးတစ်ယောက်
ကအဖြူရောင်နှင်းဆီပန်းတစ်ပွင့်နဲ့ အနီရောင်နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ပြီးတာတာ့ရှေ့မှာ လာရပ်သည်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now