အပိုင်း၁၄

1.3K 21 0
                                    

နွေအိပ်မက်🌷[Summer dream🌸 ]

အပိုင်း၁၄🌸

" ပြော ဂျိုးဇက်စ် "

" မိန်းကလေးကိုခေါ်သွားတဲ့လူကို ကျွန်တော်တို့သိပါပြီ "

" ဘယ်သူလဲ"

ကားကို လမ်းဘေးကွေ့ချလိုက်ပြီး မျက်မှောင်ကြုတ်ပြီးစိတ်ဝင်တစားနားထောင်နေမိသည်။

" မသေချာသေးပင်မယ့် ကျွန်တော် စုံစမ်းခိုင်းတဲ့လူပြောတာကတော့ စိတ္တဇဖြစ်နေတဲ့ အမျိူးသမီးတစ်ယောက် ပါနေ့လည်လောက်ထဲက ဆေးရုံကနေ ထွက်ပြေးသွားတာ ခု သူ့အိမ်မှာပဲ ရှိလောက်တာမို့ကျွန်တော်တို့ သူ့အိမ်ကို လိုက်ရှာနေပါတယ် "

" မင်းတို့ရှိတဲ့ နေရာကို message ပို့လိုက်  "

" ဟုတ်ကဲ့ပါ သခင် "

စက် ကားကို ပြန်ကွေ့လိုက်သည်။တစ်ဆက်ထဲ လိပ်စာနဲ့အတူ cctv က ရိုက်ကူးထားတဲ့ vedio ကိုပါ ပို့ပေးထားတော့ ဖွင့်ကြည့်လိုက်ချိန် မျက်မမြင်လို့ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ကို လက်တွဲပြီး လမ်းကူးနေတဲ့သူ့ကို တွေ့ရသည်။ကူညီချင်စိတ်ရှိတာကိုသဘောကျပင်မယ့်ကို့နိုင်ငံမဟုတ်ရင် လူကောင်းလား လူဆိုးလား ခွဲရခက်တယ်လေ။poor girl ရယ် မင်း ကို ဆုံးရှုံးရရင် ကို တစ်ကယ် ရူးမှာပဲ။

❣️.

ချုပ်နှောင်ထားတယ်။တစ်ခါလှုပ်လိုက်တာနဲ့ အရင်ကထပ် ပိုပြီး တင်းကြပ်လာတာကို ခံစားလိုက်ရတဲ့အထိကို ချုပ်နှောင်ခံထားရသည်။

" အ ! "

မျက်လုံးတွေကို တဖြည်းဖြည်းဖွင့်လိုက်ချိန် မျက်နှာကြက် တစ်ခုကို မီးအလင်းရောင်အောက်မှာတွေ့လိုက်ရသည်။သူအခုထိ တာတာ့ မျက်လုံးတွေကို မဖောက်သေးဘူးပဲ။

ဒီနေရာက အဲ့ဒီ့ မိန်းမ အိမ်မှာပဲဖြစ်ဟန်ရှိသည်။တာတာကတော့တစ်ယောက်အိပ်ကုတင်လေးပေါ်မှာ ကြိုးတုပ်လျက်သား။ကြိုးတွေကိုဖြည်နိုင်ဖို့နေနေသာ လက်လေးနည်းနည်းလှုပ်တောင် အသက်ရှူလို့မရအောင်တင်းကြပ်သွားတာမို့လုံးဝမလှုပ်ရဲ။အမေရိကရဲ့ ဘယ်နေရာမှန်းမသိဘယ်သူမှန်းမသိတဲ့လူရဲ့အိမ်ထဲမှာ ဒီလိုနဲ့ပဲသေရတော့မှာလား။ တာတာ့ ဘဝမှာ မာမီလဲ မရှိတော့ဘူး။ဒယ်ဒီလဲ မရှိတော့ဘူး။ပြီးတော့ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးချစ်ခဲ့ရတဲ့ ကိုငယ်က လဲ တာတာ့ကို ထားသွားပြီ။
ခုချိန် သေသွားရင်ကော ဘယ်သူသိမှာလဲ။ ခုချိန်ပျောက်ကွယ်သွားရင်ရော ဘယ်သူက စိတ်ပူပေးမှာလဲ။
စက်လား သူကရော တာတာ့လို ဘာမဟုတ်တဲ့ တစ်ခုလတ်မ တစ်ယောက်ကို အရေးတယူလိုက်ရှာနေမှာလား။ဝေးပါသေးတယ်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now