အပိုင်း၇

1.3K 17 0
                                    

နွေအိပ်မက်🌷[summer dream 🌸]

အပိုင်း၇🍀

" ထိုင် စမ်း !"

တာတာ့ ကို ဆိုဖာ ပေါ် တွန်း ချလိုက်​ျေတာ့ ထိုင်လျက်သားဖြစ်သွားရသည်။

" နင် ငါ့ကို ဘာလို့ အမြဲဒေါသထွက်အောင် လုပ်နေတာလဲ တီတီတာ "

ကိုငယ်နဲ့ အကြည့်ချင်း မဆုံရဲလို့ ခေါင်း ငုံ့ထားပင်မယ့် မှေးစိကို ကိုင်ပြီး မျက်နှာကို ဆွဲမော့သည်။
ကိုငယ် နဲ့အကြည့်ချင်းဆုံ ရင်ရင် ခုန်တတ်တဲ့ တာတာက ခုတော့ ကိုငယ့်ကို ကြောက်နေပြီ။။

" ငါ နင့်ကို ဘာတွေများ ချုပ်ခြယ်ထားလို့ နင်ခုလို တိတ်တိတ်ပုန်း သွားတွေ့နေတာလဲ  နင့်အကောင်နောက်ကိုလိုက်သွားရင် ငါ ကတားမယ် ထင်နေတာလား ဝေးသေးတယ်
နင်မရှိရင် ငါ့ဘဝကပိုကောင်းတယ် ဆိုတာ ငါသိသွားပြီ "

ကိုငယ့်မျက်ဝန်းတွေထဲမှာ သေချာတဲ့ အဖြေတစ်ခုကိုတွေ့လိုက်ရပါပြီ။တာတာ့ ကို မုန်းနေတဲ့ ကိုငယ်က ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူးဆိုတာလေ။

" အင့် အင့် ကိုငယ် တာတာ့ ကိုမစိုးရိမ်ဘူးလား ၂ရက်လုံးပျောက်သွားတာတောင် ကိုငယ်အရေးစိုက်ခဲ့လို့လား တာတာ့ကိုမုန်းနေရင်တောင် မစိုးရိမ်ရင်တောင် သူများတွေရှေ့မှာတော့ ခုလို မလုပ်သင့်ဘူး !!"

လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းအော်လိုက်မိချိန်နှုတ်ခမ်းနေရာက နွေးသွားသည်။ပါးရိုးတစ်ဖက်ကို လက်နဲ့သေသေချာချာ ထိန်းကိုင်ထားချိန် နှုတ်ခမ်းတစ်ခုလုံးထူပူသွားအောင် အနမ်းခံလိုက်ရသည်။

၁မိနစ် ၂မိနစ် ၃မိနစ်

အနမ်း ကြမ်းကြမ်းတွေ ရပ်စဲသွားတော့ တာတာ့ ရင်ခုန်သံကို
သာပြန်ကြားရတော့သည်။
ကိုငယ်က သူ့နှုတ်ခမ်းကိုသူ လက် နဲ့ တို့ထိရင်း

" ဟန်ဆောင်ပြရမယ်ဆိုတာ ဒီလိုလား မိန်းမ က ယောက်ျားကို ထားပြီး ၂ရက်လောက်​ပျောက်သွားတယ် ပြီးတော့ သူစိမ်းယောက်ျားတစ်ယောက်ရဲ့ကားပေါ်က ဆင်းလာတယ် ဒါကိုယောက်ျားကတွေ့တော့  ပြေးနမ်းပြီးကြိုဆိုတယ် အရမ်းကို လိုက်ဖက်တဲ့ဇာတ်လမ်း ပဲ sorry ငါ အဲ့အချက်ကိုမေ့သွားတယ် ခုတော့ ငါက လူဆိုးကြီး လုံးလုံးဖြစ်နေပြီ ပဲ ဟက် ok လေ တတ်နိုင်သလောက်ဟန်ဆောင်ကြတာပေါ့ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now