အပိုင်း၁၀

1.5K 18 0
                                    

အိပ်မက်🌷[Summer dream🌸]

အပိုင်း ၁၀💘

" ဖြန်း "

ရိုက်လိုက်တာလား။တာတာ ကိုငယ့်ကို ရိုက်လိုက်တာလား။ဟုတ်တယ် မိန်းမ တစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာအတွက် ရိုက်လိုက်တာ။မုန်းလို့မဟုတ်ဘူး ။ရှက်လို့သေလောက်အောင်ရှက်နေလို့။

" တီတီတာ "

တာတာ့ ပုခုံးကို ကြမ်းတမ်းစွာဆုပ်ကိုင်ပြီး ​အော်လိုက်တော့ကြောက်လွန်းလို့ မျက်လုံးမှိတ်ထားမိသည်။
သူက ယောက်ျားလေး ပဲ ဒီအချိန်မှာ သူဘာလုပ်လုပ်ကိုယ်က ခံရမှာပါ။

" အဟက် နင်က ဘာလဲ လိုချင်တာပေးပြန်တော့လဲ မယူဘူး ..."

" တာတာ ဒါကို လိုချင်တယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ ကိုငယ် "

" နင်မလိုချင်ဘူး ဆို ဘာလို့ငါ့ကို လက်ထပ်လဲ .."

" မိန်းကလေး တွေ အိမ်ထောင်ပြုတယ်ဆိုတာ sex ကိစ္စတစ်ခုထဲကြောင့်မဟုတ်ဘူး  အချစ်ခံချင်လို့လဲပါတယ် ကိုငယ်တို့ ယောက်ျားလေးတွေအတွက် အချစ်က ဘာလဲ တာတာ မသိဘူး တာတာတို့မိန်းကလေး တွေအတွက်တော့ အချစ်က ဘဝပဲ အချစ်က အရာရာပဲ"

"အခုချစ်ပေးနေတာလေ "

" ဟက် ချစ်ပေးနေတာ ဟုတ်လား ကိုငယ် မိန်းကလေးတွေက သူတို့ကို တန်ဖိုးထား ပြီး ချစ်ပေးတဲ့အချစ်မျိုးကိုပဲလိုချင်တာ အသွေးအသားကို ရယူပြီးမှ ချစ်ပေးတာပါလို့ပြောတာက တစ်ကယ်နှလုံးသားထဲက လာတဲ့ စကားရော ဟုတ်ပါ့မလား "

" ......."

ကုတင်ပေါ်က ဆင်းပြီး အခန်းတံခါးကို " ဝုန်း " ခနဲမြည်အောင်ပိတ်ကာ ထွက်သွား​တော့ ကျလုကျခင်ဖြစ်နေတဲ့မျက်ရည်တွေကို ခေါင်းမော့သွင်းလိုက်ပြီးကျန်ခဲ့သည်။
မငိုပါနဲ့တော့။ငါ ငိုရတာများနေပြီ။ငါ့ဘက်ချစ်ပေးတာများနေပြီ။

ဒီ ကိစ္စ ပြီးတဲ့နောက်ပိုင်း ၂လ လောက်ကြာတဲ့ အထိကိုငယ်နဲ့တာတာ စကားမပြောပါ။လိုအပ်တာလေးတွေ ကိုပဲ လိုက်လုပ်ပေးနေရင်း နှုတ်ကတော့စကား မပြောဖြစ်။
မိန်း မတစ်ယောက်ရဲ့သိက္ခာကို စော်ကားခံထားရတာပဲဒီလောက်တော့ တုန့်ပြန်သင့်ပါတယ်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now