အပိုင်း၁၉

1.3K 16 0
                                    

နွေအိပ်မက်🌷[ SUMMER DREAM ]

အပိုင်း၁၉🌺

ချစ်ရပါသော ကို့ငယ့်ရဲ့ ကောင်မလေး။ခုချိန်ဆို ဘာတွေလုပ်နေမလဲ။ကိုငယ် ရူးမတတ်ခံစားရပါတယ်။မဖတ်ပါနဲ့ မင်းဒီ စာအုပ်ကို မတွေ့ပါစေနဲ့။ကို စိတ်ဖြောင့်ပါရစေ။မငိုပါနဲ့ ကလေးရယ်။ကို့ကြောင့်ကလေးလေး နာကျင်ရတာများပြီ။

ထပ်ပြီး ထပ်ပြီး မင်းလေး ကို့ကြောင့် ငိုရရင်ကို စိတ်ဖြောင့်မှာ မ  ဟုတ်ဘူး။ ကလေးလေးကို့ဘဝနဲ့ ကို ပျော်ရွှင်ပါစေ ။ကို က မကောင်းတဲ့လူပါ။တစ်ကယ်လို့ ထွက်သွားရမယ်ဆိုရင်တောင် ကို ကလေးလေး ပျော်ရွှင်နေတာမြင်ချင်သေးတယ်။
ချစ်လား လို့မေးရင် ချစ်တယ်လို့ ပြန်ဖြေချင်တယ်။
ဒါပင်မယ့် ကလေးရယ် ကံကြမ္မာက  ရက်စက်လွန်းပါတယ်။ဒီတစ်သက်ပြန်မဆုံကြဖို့ ပဲ ကိုဆုတောင်းပါရစေ။

" အင့် အင့် "

တစ်စက်ချင်းကျလာတာတဲ့ မျက်ရည်တွေကပါးပြင်ပေါ်မှ တစ်ဆင့် စာအုပ်ပေါ်သို့တစ်ပေါက်ခြင်းကြွေကျနေသည်။ငိုနေတာလား။တာတာ ငိုနေတာလား။ ကိုငယ်ရယ်။မဟုတ်ဘူး ။မဟုတ်ဘူး လို့ပြောလိုက်စမ်းပါ။
ဘာလို့လဲ ။ဘာလို့ ကိုငယ် လဲ။

ရင်ထဲမှာ လှိုက်ဖို တက်လာတဲ့ခံစားချက်က ဘာမှန်းမသိ။
တစ်ချိန်လုံး တစ်ချိန်လုံး ကိုငယ့်အချစ်ကို တာတာ ဘာလို့မမြင်နိုင်ခဲ့တာလဲ။ ကိုငယ် မကောင်းဘူး မကောင်းဘူး သိလား ။ မယုံဘူး ကိုငယ့်လက်ရေး တွေမှန်နေပင်မယ့် ဒီစကားလုံးတွေကို တာတာ မယုံဘူး။
နှလုံးသားက တစ်စထက်တစ်စနာကျင်လာသည်။တစ်ခါတစ်လေ အချစ်ကို မုန်းတယ်။ဘယ်သူ့ကိုမှမချစ်ချင်တော့လောက်အောင် ပြုစားခဲ့ပြီး ခုမှ ခုမှ တာတာ့ကိုချစ်တယ်တဲ့လား။

" ကိုငယ် အင့် ကိုငယ် !! အင့် အီး !!! "

ကိုငယ့် ရင်ခွင် ကို တစ်ခါအရမ်းတမ်းတခဲ့ဖူးပါတယ်။အဲ့ဒီ့ ရင်ခွင်ကို မြတ်နိုးတယ်တန်ဖိုးထားတယ်ပြီးတော့ ချစ်တယ် နှလုံးသား တစ်ခုလုံးနဲ့ ချစ်တယ်။
ဘာလို့ မပွင့်လင်းခဲ့တာလဲ။တာတာ က တာတာက ကိုငယ့်ကို ထားသွားမယ် လို့ထင်ခဲ့တာလား။ကိုငယ် မှားတယ် ကိုငယ် သိပ်မှားတယ်။ တာတာ ကကိုငယ့်ရဲ့ဖြစ်တည်မှုကို ချစ်ခဲ့တာ။ကိုငယ့် ရင်ခုန်သံ ကို ခံစားခဲ့တာ။
အချိန်တိုင်း အချိန်တိုင်း ကိုငယ် နဲ့ နီးနီးကပ်ကပ် နေချင်ခဲ့တာ။
ကင်ဆာ လား ။ ကင်ဆာမကလို့ ကိုငယ်ဘာရောဂါကြီးပဲ ဖြစ်နေပါစေ တာတာ ကိုငယ့်ကို ထားသွားမှာ မဟုတ်ဘူး။ခုတော့ ခုတော့ အားလုံးနောက်ကျကုန်ပြီ ။အားလုံးနောက်ကျကုန်ပြီ ကိုငယ်ရယ်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now