အပိုင်း၂၃

1.3K 14 0
                                    

နွေအိပ်မက်🌷[ summer dream ❣️]

အပိုင်း၂၃။🍁

" ဟလို  စက် ရှင်ဘယ်မှာလဲ။ "

" ဒီလူ ရဲ့ ဇနီးလားဗျာ့ ခု ခင်ဗျားယောက်ျား ဓားထိုးခံရပြီး ဆေးရုံရောက်နေပါတယ် ။ "

" ရှင်! "

" ခု ချက်ချင်းဆေးရုံ ကိုလာခဲ့ပါဗျာ့ ။ ဆေးရုံက (.....) ပါ  ။ "

"ဟုတ်ကဲ့ ကျွန်မ ခုချက်ချင်းထွက်လာခဲ့ပါ့မယ်။ "

ည ၁၂နာရီ ထိ အိမ်ပြန်ရောက်မလာလို့စိတ်ပူပြီးဖုန်းဆက်လိုက်တာ ။သူ ဆေးရုံရောက်နေတယ်တဲ့လား။
သူဘာဖြစ်တာလဲ။ဘယ်သူက သူ့ကို ဘာလုပ်လိုက်တာလဲ။
ည ၁၂ နာရီ ရှိပြီဆိုတာ တာတာ့ အတွေးထဲမှာ မရှိတော့ဘဲသူ့ကို စိတ်ပူတဲ့စိတ်သာကြီးစိုးနေသည်။မချစ်ဘူးလို့ကြွေးကြော်ထားပင်မယ့် သူ့ကို တာတာတစ်ကယ် စိတ်ပူနေမိတာပါ။

.

" ဒေါက်တာ ကျွန်မယောက်ျား အခြေအနေ ဘယ်လိုရှိလဲ။ "

" ကျွန်တော် တို့အကောင်းဆုံးကြိုးစားနေပါတယ် ဗျာ။
အစ်မ စိတ်ငြိမ်ငြိမ် ထားပါ။ "

" အင့် ။ "

ခွဲခန်းရှေ့က ခုံတန်းပေါ်မှာ ဝင်ထိုင်လိုက်ပြီး တာတာဒူးပေါ်မျက်နှာ အပ်ကာ ငိုနေမိသည်။သူလဲ သူလဲကိုငယ့်လို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ကိုငယ့်လိုသူလဲ တာတာ့ကိုထားသွားရင် ။အတွေးနဲ့တင် ကျွန်မသိပ်ကြောက်တယ်စက်ရယ်။

အဲ့နေ့က မနက် ၇နာရီ ထိ တာတာ ခွဲခန်းရှေ့မှာ ငုတ်တုတ်မိုးလင်းခဲ့ရသည်။တစ်ယောက်ထဲ ကျန်ခဲ့ရရင်ဆိုတဲ့ အသိက
တာတာ့ကို အရာအားလုံးထက်ပိုပြီး ခြောက်ခြားစေတာအမှန်။သူ့ကို ဘယ်လောက်ပဲ မချစ်ဖူးလို့ပြောနေပါစေ တာတာ့ နှလုံးသားထဲမှာ သူက တစ်ပိုင်းတစ်စတော့နေရာယူနှင့်နေပါပြီ။

" ဒေါက်တာ သူ ။ "

" အဆင်ပြေသွားပါပြီ ဒါပင်မယ့် ခုထိတော့သတိမရသေးဘူး ကျွန်တော် တို့ ဆေးရုံအကောင်းဆုံး အခန်းကို ရွေ့ပေးပါ့မယ် ကိုဧဒင်စက်က ကျွန်တော် တို့ဆေးရုံ အတွက် vip လူနာပါ။ "

သူတို့ အရွေ့အပြောင်းလုပ်နေတုန်းတာတာ အိမ်တစ်ခေါက်ပြန်ပြေးရသည်။အဝတ်အစားတွေနဲ့ လိုအပ်တာတွေကို ယူကာတစ်ယောက်ထဲဆိုအဆင်ပြေမှာမဟုတ်လို့ အားနာပင်မယ့် ချောချောကိုလဲ ဖုန်းဆက်ပြီးပြင်ဉီးလွင်ကိုဆင်းလာဖို့ မှာလိုက်ရသည်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now