အပိုင်း၁၅

1.4K 19 2
                                    

နွေအိပ်မက်🌷[Summer dream 💚]

အပိုင်း ၁၅💚

"   စာမေးပွဲ ဖြေဖို့ ကိစ္စ အဆင်ပြေလား အတာ "

"  စက် ကျေးဇူးကြောင့် ကောင်းကောင်းဖြေနိုင်မှာပါ "

ထိုမိန်းမကို ဒယ်ဒီလွှတ်တာပဲဖြစ်ဖြစ်။ဘယ်သူလွှတ်တာပဲဖြစ်ဖြစ် စက်မှာ ကျေးဇူး တင်နေရပြီ။အဲ့ဒီ့ကိစ္စပြီးထဲက စက် အပေါ် အတာ့ ဆက်ဆံ ရေးက တဖြည်းဖြည်းနွေးထွေးလာခဲ့သည်။တစ်ခါတစ်လေ စိတ်ထဲရှိတာတွေ ပြောပြတတ်သလို မထင်ရင် မထင်သလို စနောက် တတ်တဲ့ အတာ့ရဲ့ ပင်ကိုယ်စရိုက်လေးကို စက်သိခွင့် ရခဲ့ပြီ။အေးစက်စက် နဲ့ ဂရုမစိုက်သလို နေတတ်တဲ့ အတာ့ကို မြတ်နိုးသလို ရွှတ်နောက်နောက်နဲ့
မထင်ရင် မထင်သလို စတတ်တဲ့ အတာ့ ကိုလဲမြတ်နိုးသည်။သူ့ ကို ချစ်ရခြင်းဟာ စက် အတွက်တော့ အတိုင်းအတာရယ်လို့ မရှိ။စည်း ဘောင်ရယ်လို့ မရှိ။ဒီတိုင်းလေး သူ့ ရဲ့  အရှိတိုင်း မူရင်းစွဲပုံစံလေးကို တစိမ့်စိမ့်နဲ့ တသသ မြတ်နိုးနေမိခြင်း သာ။

"  အတာ  ငယ်ငယ်က ဘယ်လို ပုံစံ လဲ "

တာတာ ခေတ္တ ငေးငိုင်သွားမိသည်။ငယ်ငယ်က အမှတ်တရတွေထဲမှာ  ချစ်ခဲ့ဖူးသူနဲ့ ပတ်သတ် တဲ့ အမှတ်တရတွေ က တစ်ဝက်ထက် ပိုပြီး ပါဝင် ပါလိမ့်မည်။အဲ့အကြောင်းတွေကို ပြန်မတွေးချင် လို့မေ့ထားခဲ့တာ ကြာပါပြီ ။

"  အတာ က အရမ်းပျော်တတ်တဲ့ ကောင်မလေး တစ်ယောက်ဖြစ်ခဲ့မှာ အသေအချာပဲ "

ဟုတ်တာပေါ့။အရမ်းကို ပျော်စရာကောင်းပြီး ရင်ခုန်ခဲ့ ရတာပေါ့။တာတာ့ မျက်ဝန်းထဲ မျက်ရည်စတွေ ဝှေ့တက်လာခဲ့သည်။အချိန်က အရာရာ ကို ကုစားပေးနိုင်တာမှန်ပင်မယ့် ပျက်ဆီး ချို့ယွင်းနေတဲ့ တာတာ့ နှလုံးသားတော့ မပါခဲ့။

" စက် ကဘယ်လို ထင်လို့လဲ "

" ကို မထင်ရဲပါဘူး  "

" ကျွန်မ မှာ ငယ်ငယ်ထဲ က ခိုးပြီးချစ်ခဲ့ရတဲ့ လူတစ်ယောက်ရှိတယ်သူက ကျွန်မထက်၅နှစ်ကြီးတယ်အသက်အရွယ် ကွာခြားမှုဆိုတာ သူနဲ့ ကျွန်မကြားမှာ စည်း ဘောင် တစ်ခုလို့တောင် အသုံးမဝင်ခဲ့ဘူး ကျွန်မ ဘယ်လောက် ထိတောင်သူ့ကို သဘောကျခဲ့လဲဆို ရင် သူ့ အသံကိုမှတစ်နေ့မကြားရင် သူ့မျက်နှာကိုမှ တစ်နေ့မမြင်ရရင် အိပ်မရတဲ့ အထိပဲ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now