အပိုင်း၄

1.5K 18 0
                                    

နွေအိပ်မက်🌷[Summer dream]

အပိုင်း၄🍀

တာတာ မနက်စောစော ထပြီးမီးဖိုချောင်ထဲဝင်ချိန် မနက်၅နာရီရှိပြီ။အိမ်ရှင်မဆိုတဲ့ခေါင်းစဉ်အောက်မှာဒီတာဝန်တွေလဲပါသည်လေ။
မနက်စာအတွက် ကိုငယ် ဟိုနေ့ကဝယ်လာတဲ့ အသီးအရွက်တွေနဲ့ထမင်း​ပေါင်း လုပ်ထားလိုက်သည်။

ကိုငယ် နိုးလာရင် သွားတိုက်မျက်နှာ သစ်လို့ရအောင်တာဝါနဲ့ သွားတိုက်ကို အဆင်သင့်ပြင်ပေးခဲ့ပြီး စျေးထွက်လာခဲ့သည်။
.
" အစ်မ ကြက်သား ၂၅ကျပ်သားလောက် အနေတော်လေးတုံးပေးပါနော် အသဲလေးပါ ထည့်ပေး "

ကြက်သားဝယ်ပြီး လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ကန်စွန်းရွက် ကြော်ဖို့ ကန်စွန်းရွက် ၄စီးလောက်ဝယ်ပြီး ပြန်လာချိန် စျေးနားက ပန်းဆိုင်မှာ ကိုငယ်သဘောကျတဲ့ မေမြို့ ပန်းတစ်စည်းဝယ်လာခဲ့သည်။

" အို  ကလေးက စျေးသွားတာကို မေမေတို့က မနက်စာတောင်စားပြီးပြီ "
" ထမင်းပေါင်းက ကောင်းတယ်တဲ့ သားငယ်က ပြောတာ သူက မာမီ့လက်ရာထင်နေတာလေ "

မာမီက တာတာ့ အနားကပ်ပြီးပြောတော့ ကြည်နူးစိတ်ကြောင့်ပြုံးမိသည်။မာမီ့ လက်ရာလို့ထင်နေတာကောင်းပါတယ်။တာတာ့ လက်ရာဆို ကိုငယ် ကစားချင်မှ စားမှာ။

" သမီး ကျောင်းဆက်မတက်တော့ဘူးလား "
" တက်မှာပါ မာမီ ဟို မဂ်လာဆောင်ဆိုတော့တာတာ ခွင့်ယူထားလိုက်တာ "
" ဒီနေ့ကောမသွားဘူးလားကလေး သားငယ်ကတော့ဆေးရုံက ခွင့်ပေးထားလို့တဲ့ အိမ်မှာပဲ စာကြည့်နေတယ် ကလေးရော စာမကြည့်ဘူးလား "
" တာတာ နားမလည်တဲ့စာတွေကို ညကျရင် သူငယ်ချင်းကသေချာပြန်ရှင်းပြပါတယ်  "
" သားငယ်ကို မမေးဘူးလား ကလေး "
" တာတာ နားမလည်တဲ့စာတွေ ဆိုရင် မေးဖြစ်ပါတယ် "
တာတာ မေမေ နဲ့မာမီ့ကို စကားစ ဖြတ်ကာ မီးဖိုခန်းထဲဝင်ရသည်။တစ်ချိန်က ကိုငယ့် မိန်းမဖြစ်ဖို့စိတ်ကူးယဉ်ခဲ့ဖူးသည်။အဲ့ဒီ့ စိတ်ကူးတွေကြောင့် မို့တာတာ အိမ်မှုကိစ္စတွေကို မေမေ့ ဆီက ကြိုးစားပြီးသင်ခဲ့ရတာလေ။
🌷.

" မွှေးနေတာပဲ မာမီ့ လက်ရာထင်တယ် "

ငယ် ကြက်သားတစ်တုံးကို ဖေဖေ့ကို အရင်ဉီးချလိုက်သည်။ပြီးတော့မာမီ နဲ့မေမေ ကိုပါ ထည့်ပေးလိုက်သည်။
"အင့် "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now