အပိုင်း၂၀

1.6K 14 0
                                    

နွေအိပ်မက်🌷[Summer dream 💔]

အပိုင်း ၂၀။🍃

" ကိုငယ် ။အင့် ကိုငယ် ။ "

အေးစက်နေတာပဲ။ ချမ်းနေတာလား ကိုကိုရယ်။
အရူးတစ်ယောက်လို အနားမှာ ရှိတဲ့ ဆောင်တွေ မှန်သမျှ ကိုငယ့် ကိုယ်ပေါ်ခြုံပေးနေမိသည်။

" ကိုကို  "

"......."

တိတ်ဆိတ်သွားတယ်။ဒီရပ်ဝန်းလေးထဲမှာ တာတာတစ်ယောက်ထဲကျန်ခဲ့တာ ပဲ။ မဟုတ်ဘူး။လက်မခံနိုင်ဘူးကိုကို မသေရဘူး ။မသေရဘူးလို့။

"  အင့် တာတာ လေ ကိုငယ့်ကို အရမ်းချစ်တယ်
ကိုငယ်ရယ် ။မုန်းဖို့ကြိုးစားပင်မယ့်မုန်းလို့မရဘူးသိလား ။တာတာ့ တစ်ဘဝလုံးက ကိုငယ့်အတွက်ပဲ။တာတာ့ဘဝကို ကိုငယ်ပိုင်တယ် ။ဒါကြောင့် ဒါကြောင့် ကိုငယ် တာတာ့ ဆီပြန်လာပေးပါ ။ "

နှုတ်ခမ်းပါးလေးတွေ က ခုထိ နီမြန်းနေတုန်း။ကိုငယ်ဟာ သေသွားတာနဲ့မတူ ပါဘူး။ ပင်ပန်းလွန်းလို့ ခဏလေး မှေးနေသလိုပဲ။
တာတာ ကိုငယ့် နှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်သည်။
တုန့်ပြန်မှု မရှိတဲ့ အေးစက်စက် အထိအတွေ့ တွေကို မုန်းတယ်ကိုကိုရယ်။တာတာ အရမ်းမုန်းတယ်။သူတို့က ကိုကို့ ကို သေပြီလို့ ပြောနေကြသလိုပဲ။ကိုကို မသေဘူး။ဟုတ်တယ် ကိုကို မသေဘူး။

" ကိုငယ် တာတာ့ကို ထားမသွားပါနဲ့ တာတာ သေတော့မယ် တာတာ အင့် အင့် "

ခုထိ ကုတင်ပေါ်က မဆင်းသေးဘဲ ကိုငယ့်ခန္ဓာကိုယ်လေးရဲ့ ဘေးမှာ ဝင်လှဲနေမိသည်။
ဒီလောက် နီးကပ်နေတာတောင် ကိုငယ့်ဆီက ဝင်သက်ထွက်သက်တွေက တာတာ့ မျက်နှာပေါ် မထိရောက်တော့ပါလား။

" ကိုငယ်သိလား။တာတာလေ ကိုငယ့်ကို အရမ်းချစ်တယ်။သိပ်ချစ်တယ်။ခုတာတာ လက်ထပ်ရတော့မယ်။ကိုငယ် မရှိတဲ့ တာတာ့ဘဝက ဘယ်လိုလဲ ဆိုတာ မသိချင်တော့ဘူး လား ။ တာတာ ကိုငယ့်ကို စိတ်ဆိုး ပစ်ရဉီးမယ်။စိတ်ကောက်ပစ်ရဉီးမယ်လေ ။ဘာလို့ ဘာလို့
တာတာ့ကို တစ်ယောက်ထဲ ထားသွားတာလဲ လို့ ။ "

" တီတီတာ တီတီတာ ကျွန်တော်ဝင်လာမယ်နော်။ "

တစ်ဖက်ခန်းက ငိုသံတွေကြောင့် အောင်အောင်ဉီး နိုးလာခဲ့သည်။သားငယ်များ တစ်ခုခုဖြစ်တာလားဆိုတဲ့ စိတ်နဲ့ အခန်းသော့ကို ဖွင့်ကာ အခန်းထဲဝင်လိုက်တော့
ကုတင်ပေါ်မှာ သားငယ်နဲ့ တီတီတာ က ဖက်အိပ်နေကြသည်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now