(အပိုင်း၃)

1.7K 22 0
                                    

နွေအိပ်မက်🌷[Summer dream]

အပိုင်း၃🍀

" ကိုငယ် "
" ပြော"
" မေမေ ဖုန်းဆက်တယ် "
" နင် ဘာတွေ ချွန်လိုက်ပြန်ပြီလဲ "
တာတာခေါင်းခါပြလိုက်တော့ ကိုငယ်ကနှုတ်ခမ်းမဲ့ရယ်ပြီး
" နင့်အကျင့်အတိုင်းဆို တစ်ခုခုတော့ပြောလိုက်မှာပေါ့ "
" တာတာ့ မှာ အဲ့လို အကျင့်မရှိပါဘူး "
" ရှိလားမရှိလား ဆိုတာ နင့်ကြောင့် ခံစားခဲ့ရတဲ့ငါက ပိုသိတာပေါ့ "

အတိတ်ကို ပြန်တွေးမိချိန်ဆိုသူမ ကို မမြင်ချင်လောက်အောင်မုန်းပါသည်။သူမနဲ့ နေရတဲ့အချိန်တွေမှာလဲ ငယ့်ဒေါသကို ထိန်းချုပ်ကာ ပြောဆိုခဲ့ ရတဲ့အကြိမ်တွေ ကမနည်း။

" တာတာ တောင်းပန်ပါတယ် "
" တောင်းပန်ရုံနဲ့ပြီးသွားတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ နင်သိမှာပါ "
" အဲ့တုန်းက တာတာ "
" တော်တော့  နင့်ကိုမေမေ ဘာပြောလဲ "
" လက်ထပ်ဖို့ကိစ္စ ပြောတယ် "
" နင် ဘာ​ပြန်ပြောလိုက်လဲ "
"  မသိဘူးလို့ပဲပြောလိုက်တယ် "
" ကောင်းတယ် နောက်လဲ မသိသလိုပဲနေ ငါ့ဇနီး ဖြစ်ဖို့စိတ်ကူးမယဉ်နဲ့ "
ငယ် ကားသော့ ယူကာ ထွက်လာခဲ့သည်။သူမနဲ့ မျက်နှာချင်းဆိုင် ရတဲ့ အချိန်တွေဆို မုန်းလွန်းလို့ ထွက်ပြေးချင်စိတ်ပင်ပေါက်သည်။သူမကြောင့်သာ မဟုတ် ရင် ငယ်နဲ့ မမဝေးခဲ့ကြမှာမဟုတ်။

🦋.

" ဒေါက်တာ  ကယ် ပါဉီး ဒေါက်တာရယ် "
" ဟုတ်ကဲ့ လူနာကို  အရေးပေါ်ခန်းထဲ သွင်းလိုက်ပါပြီ ခင်ဗျား စိတ်အေးအေး ထားပေးပါ "
" အင့် ဘယ်လို စိတ်အေးအေး ထားနိုင်မှာလဲ ဗျာ ကျွန်တော့ မိန်းမ ကျွန်တော့ မိန်းမ သေလောက်အောင်ခံစားနေရတာ ဒေါက်တာ ကူညီပါနော်
" စိတ်ချပါ ကျွန်တော် အကောင်းဆုံးကြိုးစားပေးပါ့မယ် "
ငယ် ဂျူတီကုတ်ဝတ်ပြီး ထွက်လာချိန် ထိုလူက ခွဲစိတ်ခန်းရှေ့က ခုံပေါ် မှာထိုင်ပြီး တစ်ခုခု ရွတ်နေသည်။
သူ့ မိန်းမ မီးမဖွားနိုင်လို့ ဆေးရုံရောက်လာတာ ခုအရေးပေါ် ခွဲစိပ်ရတော့မယ်။
တော သဘာဝမို့ လက်သည် တွေဘာတွေနဲ့ ခေါ်မွေးကြည့်ပင်မယ့် မရလို့ ခုလို မြို့ အထိ တက်လာတာလို့ပြောသည်။
ကလေး မွေးမရတာက ၂ရက်လောက်ရှိပြီ။ဒီပုံစံ ဆိုကလေးရော အမေရော အသက်ရှင်ဖို့ မသေချာ။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now