အပိုင်း၈

1.3K 14 0
                                    

နွေအိပ်မက်🌷[Summer dream 🌸]

အပိုင်း၈🍀

" ထမင်းစား ပြီးပြီလား "

" ဟင့်အင်း ကိုငယ့်ကိုစောင့်နေတာ "

ငယ် ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲက အထုပ်နှစ်ထုပ်ကို စားပွဲပေါ်တင်ပေးလိုက်တော့ မျက်လုံးအပြူးသားနဲ့ငေးကြည့်နေသည်။

" ဒါတွေက ဘာတွေလဲဟင် "

" နင့်လက်ရာ မစားချင်တော့လို့ ဟိုနားက ဆိုင်ကဝယ်လာတာ ဒီနေ့ဒါတွေ ပဲစားရအောင် "

" တာတာ ပင်ပင်ပန်းပန်း ချက်ထားရတာကို "

ကိုငယ်မကြားအောင် တိုးတိုးလေး ပြောလိုက်ပင်မယ့် ပြန်လှည့်ကြည့်လို့ ဝယ်လာတဲ့ အစားအသောက်တွေကို အိတ်ထဲကနေပန်းကန်ထဲပြောင်းထည့်ပေးနေမိသည်။ဒီလူကြီး ကလေ တာတာ့ဆိုခုထိအကောင်းမမြင်ဘူး။

" အသုပ်က တော်တော်ကောင်းတယ် ပြောတယ် မြည်းကြည့်ပါလား "

" တာတာ မစားပါဘူး ကိုငယ်ပဲစား "

" ကျစ် စားဆိုစား မရှည်နဲ့ "

တာတာ နှုတ်ခမ်းလေးစူပြီး တစ်လုပ်ယူမြည်း လိုက်တော့ တစ်ကယ်ကောင်းသည်။

" နင် ကျောင်းထွက်ဖို့ ကိစ္စငါစီစဉ်ပေးမယ် နင်ဘာမှလုပ်စရာမလိုဘူး "

"........"

ကျောင်းဆိုမှ ဟိုနေ့က ကိစ္စကိုပြန်သတိရတော့ စိတ်ထဲမှာနှမြောသလိုလို။

အိပ်ခါနီးရောက်တော့ တာတာ ညဝတ်အက်ျီ လဲပြီးသွားတိုက်ဖို့ရေချိုးခန်းထဲဝင်လာချိန်သွားတိုက်တံ ထည့်တဲ့ box လေးထဲမှာ couple သွားတိုက် တံ နှစ်ချောင်းကိုတွေ့ရသည်။

" ကိုငယ် ဒါက "

" ပန်းရောင်က နင့်အတွက် အပြာရောင်က ငါ့အတွက် "

" ဆင်တူလေးဘဲ ယုန်လေး နှစ်ကောင်က ချစ်စရာလေး အိုး
ကိုငယ်က ယုံထီးလေး တာတာ ကယုံမလေးပေါ့ ဂျင် နဲ့ မီ လို့ နာမည်ပေးလိုက်မယ်နော် "

" အင်း "

တာတာကသာ  ပြုံးပြီးအားတက်သရောပြောနေပင်မယ့်ကိုင
ယ်က အင်းတစ်လုံးသာ တုန့်ပြန်သည်။တာတာ နှုတ်ခမ်းလေးစူပြီး သွားတိုက်တံနှစ်ချောင်းကို ကြည့်လိုက်သည်။အပြာရောင်သွားတိုက်လေးက ယုံ ထီးလေး တစ်ကောင်လိုပုံဖော်ထားပြီးယုံလေးရဲ့ အဝတ်အစားပေါ်မှာ နက်ကတိုင်လေးတောင်ပါသေးသည်။ပန်းရောင်ယုံမလေးက  ဂါဝန် ဝဲဝဲလေးနဲ့။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now