အပိုင်း၂၄

1.5K 17 0
                                    

နွေအိပ်မက်🌷[ summer dream 💕]

အပိုင်း၂၄။🍓

"ကိုကိုကြီး။ "

" စက် ငါဝင်လာလို့ရလား။ "

" ရပါတယ် ကိုကိုကြီး။ "

စက် ကုမ္ပဏီမသွားခင်  အတာက ဆေးရုံ ထွက်သွားလို့တော်သေးသည်။ကိုကိုကြီး ကစက်ကိုဓားနဲ့ထိုးပြီးထဲက  ထွက်ပြေးနေတာ ဆိုပင်မယ့် စက်အမှု မဖွင့်ခဲ့သလို
လိုက်လဲမရှာခဲ့။ဒယ်ဒီ လုပ်ထားတဲ့ အပြစ်ကိုသားဖြစ်တဲ့ စက်က ပေးဆပ်သင့်တာပါ။

" ငါ့ကို စိတ်ခုနေလား။ "

" မခုပါဘူး ကိုကိုကြီး ကျွန်တော်က အဲ့ထက်တောင်ပိုပြီး
ခံစားသင့်တဲ့သူပါ။ "

" မို့မို့က မင်းကို တစ်ကယ်ချစ်ခဲ့တာကွ မင်းကခု မို့မို့ မဟုတ်တဲ့ တစ်ခြား မိန်းကလေးတစ်ယောက်နဲ့ လက််ထပ်သွားတယ်လို့ သတင်းကြားထဲက ငါမင်းနောက်ကို လိုက်နေခဲ့တာ။ "

" ကျွန်တော်လဲ တစ်ကယ် ခံစားခဲ့ရပါတယ်"

" ငါသိပါတယ်ကွာ ငါသိပါတယ်မင်းက မင်းဒယ်ဒီနဲ့ မတူတဲ့  လူတစ်ယောက်ဆိုတာ ငါ လက်ခံလိုက်ပါပြီ
မင်းအချိန်ရရင် ငါ့ညီမလေးကို တစ်ခေါက်လောက်လာတွေ့စေချင်တယ် စက်ရယ် ။ "

" ကျွန်တော်လာမှာပါ တစ်ကယ်တော့ ကျွန်တော်မို့မို့ ဆုံးတုန်းက ကနေဒါမှာ ရောက်နေလို့ ကျွန်တော်သူ့အနားမှာ ရှိ နေမပေးနိုင်ခဲ့ဘူး သူ့ကို မကွာကွယ်နိုင်ခဲ့ဘူး ကျွန်တော့ အပြစ်တွေလဲ အများကြီးပါပါတယ် ကိုကိုကြီး ။ "

" အဲ့လိုပြောကြ ကြေးဆို ငါလဲ အပြစ်လုပ်မိတဲ့ကောင်ပါကွာ ငါမင်းကိုတောင်းပန်ပါတယ်"

" ကျွန်တော့်ဘက်ကခွင့်လွှတ်ပြီးသားပါ ကိုကိုကြီး"

🍓.

" မေမေ "

" ကလေး ဒီကိုလာသေးတယ်ဆို"

" ဟုတ်တယ် မေမေ တာတာ ဒီအိမ်မှာ ၁ပတ်လောက်နေပြီးမှ အိမ်ပြောင်းသွားတာ "

" ကလေး အိမ်ထောင်ကျနေပြီဆို ။ "

" ဟုတ်တယ်မေမေ "

" မေမေ က​တော့ ဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူးကွယ်
အသက်ရှင်နေတဲ့ လူတွေကတော့ ဆက်ပြီးပျော်ပျော်ရွှင်ရွှင်နေရမှာပဲ
သေသူကို မမေ့နိုင်ဘဲ တမ်းတ ပူဆွေးနေမယ့်အစား
ခုလို ကို့ဘဝအတွက် အားကိုးဖော်တစ်ယောက်ရှာလိုက်တာကပိုကောင်းပါတယ်။ မေမေလဲ တရားစခန်းဝင်တော့မယ်  ကလေး ဖေဖေ နဲ့ အတူမေမေတို့ရဲ့ ဇာတိရွာလေးမှာ ပဲခေါင်းချဖို့ဆုံးဖြတ်လိုက်ပြီ ဒီအိမ်ကြီးကိုတော့ကလေး တံခါးမရှိဓား မရှိဝင်နိုင်ထွက်နိုင်ပါတယ်။ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now