အပိုင်း၁၆

1.5K 16 0
                                    

နွေအိပ်မက်🌸[Summer dream💙]

အပိုင်း၁၆ 💙[ပထမပိုင်း ] + ဒုတိယပိုင်း

" နင်ဘွဲ့ယူလာပြီးပြီပေါ့ "

" အင်း "

တာတာ ခေါင်းငြိမ့်ပြလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။လက်ဖက်ရည် ပူပူတွေကြောင့် လျှာ ကျက်သွားပြီ ထင်သည်။ချောချောက လက်သုပ်ယူပေးတော့ သုပ်လိုက်ပြီး

" ငါ လဲအရောင်ရောင် အမှားမှား ဖြစ်နေပြီထင်ပါတယ်.."

" ဘာလဲ  နိုင်ငံခြားက ကောင်လေးကို လွမ်းနေတာလား"

" ငါခုထိ ရည်းစားထားလို့ မရသေးပါဘူး "

ကိုငယ့် ကြောင့်လား ဆိုတော့လဲ မဟုတ်။တာတာကိုငယ့်ကို မေ့လိုက်နိုင်ပါပြီ။ထပ်ပြီး ချစ်လို့လဲ ရမှာ မဟုတ်တော့ပါဘူး။ကိုယ့်ကို မချစ်နိုင်တဲ့ လူတစ်ယောက်ကို ချစ်ပါ ချစ်ပါ လို့ တစာစာ အော်ပြီး တောင်းပန်မှာလဲ မဟုတ်တော့ပါဘူး။ချစ်လဲ မချစ်ပေးချင်တော့သလို အချစ်ခံရမှာလဲ အရမ်းကြောက်နေပါပြီ။

" ဘယ်မှာလဲ နင့်သမီး "

" ငါ့ယောက်ျားနဲ့ သူ့ ဘွားအေ အိမ် သွားလည်တယ် "

" နင့် မဂ်လာဆောင်ကို ငါမလာလိုက်ရတာ တစ်ကယ်စိတ်မကောင်းဘူး "

" နင်တင်မဟုတ်ဘူး ဆရာလဲ မလာဘူးဟ  နင်နဲ့ကွဲပြီးထဲက ဆရာပြောင်းသွားတာ ခုထိ အဆက်အသွယ်မရဘူး "

ကိုငယ် ဘယ်ကို သွားတာလဲ မသိချင်ပါ။သိသင့်တယ်လို့လဲ တာတာ မထင်ဘူး။ကိုနဲ့သူက ဝေးပြီးသားလူတွေပါ ပြန်ပြီး နီးစပ်လာလို့လဲ အကျိုးရှိမှာ မှမဟုတ်တာ။

====

" သမီးလေး ရေ ဒီမှာ တီတီလေ "

တာတာ့ကို ကြည့်ပြီး တခစ်ခစ် ရယ်နေတော့ ချစ်လွန်းလို့ ဖက်နမ်းလိုက်သည်။အသဲရားစရာ ကလေးလေးကို မြင်ရချိန်တာတာ့ နဲ့ကိုငယ် မှာ ကလေးလေး ရှိခဲ့ရင်ဆိုတဲ့ အတွေးဝင်လာသည်။ကလေးသာရှိရင် ကိုငယ့်ကို ကွာပေးမှာ မဟုတ်ပါ။ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် ဆွဲထားမိမှာ။

" နင့် သမီးလေးကအရမ်းချစ်ဖို့ကောင်းတာပဲ "

" အေးလေ နင်ရော မလိုချင်ဘူးလား "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now