အပိုင်း၂၅ [final]

3.9K 42 6
                                    

နွေအိပ်မက်🌷 [ summer dream 🌸]

အပိုင်း၂၅။[ ဇာတ်သိမ်းပိုင်း]

အချစ်နဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းက ရွှေရောင်တစ်ဖိတ်ဖိတ်တောက်နေသလိုပါပဲ။တစ်ခါတစ်လေ အချစ်ကသကာရည်ထက်တောင်ချိုမြနေသေးသည်။
စက်နဲ့ သူမရဲ့ အချစ်က တော့ ထာဝရတည်မြဲနေမယ့်အချစ်မျိုးပါ။တစ်ယောက် အနားမှာ တစ်ယောက်နေပြီး
တစ်ယောက်ကို တစ်ယောက်ကူညီဖေးမ ပေးမယ့်အချစ်မျိုး။စက်အတွက်တော့အချစ်ဆိုတာ ရယူပိုင်ဆိုင်မဟုတ်သလို ပေးဆပ်ခြင်းလဲ မဟုတ်ပါဘူး။
စက်အတွက်အချစ်ဆိုတာ ဒီတိုင်း ချစ်နေရခြင်းပါပဲ။

မနက်တိုင်း ချစ်ရသူလုပ်ပေးတဲ့ မနက်စာလေးကို ချစ်သူရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးရင်း ထိုင်စားမယ်။သူ ထုတ်ပေးတဲ့ အဝတ်လေးတွေ သူလျှော်ပေးတဲ့ အဝတ်လေးတွေ သူမီးပူတိုက်ထားပေးတဲ့ အဝတ်လေးတွေကို သေသေချာချာ ဝတ်မယ်။အလုပ်အားတဲ့ရက်တွေဆို သူနဲ့ အတူ ထမင်းတွေချက်ကြမယ်။ညဘက်ဆိုချစ်ရသူကိုရင်ခွင်ထဲထည့်ပြီးအိပ်မယ်။ဘယ်လောက်တောင်ကောင်းလိုက်သလဲ။
ချစ်ရသူနဲ့ အတူတူ နေရတဲ့ နေ့ရက်တွေဟာ ဘယ်အရာနဲ့ မှမလဲနိုင်လောက်အောင်ကို အဖိုးတန်လှပါတယ်။

"  ဒီနေ့ဆို  မောင်နဲ့ အတာ လက်ထပ်ထားတာ ၅လပြည့်ပြီနော်။ "

" ဟုတ်တယ်နော် အချိန်တွေ ကုန်တာ အရမ်းမြန်တာပဲ။"

" အတာ ကလေး မချစ်တတ်ဘူးလား။ "

" ချစ်တတ်ပါတယ် ဒါနဲ့ မောင်က ဘာလို့မေးတာလဲ။"

" ကလေးလိုချင်မလားလို့လေ။ "

"  မသိဘူးလေ။ "

မျက်နှာလေး ရဲပြီး ခေါင်းငုံ့သွားတော့ စက်ကြိတ်ရယ်မိသည်။
လက်လေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး ငုံနမ်းလိုက်တော့ စက်ရင်ခွင်ထဲကို သူ့ခေါင်းလေးမှီလာခဲ့သည်။

🍬။

" စက် ကို ဘယ်လိုမှ တားလို့ မရတော့ဘူးထင်တယ်။ "

" စိုင်းနောင် မင်း ရဲ့ အတ္တတွေကို တစ်ထစ်လျှော့သင့်ပြီနော် သမီးမို့တုန်းကလဲ မင်းဘက်က လွန်ခဲ့တာ။ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now