အပိုင်း၂၁

1.3K 16 3
                                    

နွေအိပ်မက်🌷[Summer dream❄️]

အပိုင်း၂၁။

"အတာ ။ "

" စက် ထမင်းစားတော့မှာလား။နေဉီးနော် ကျွန်မခူးပေးမယ်။ "

" လာပါ ဉီး ။ "

" အင်း။ "

" ဟူး ပင်ပန်းလိုက်တာ။ဒီနေ့ ညနေ ကို မြို့သွားရဉီးမယ်။ပြင်ဉီးလွင်မှာ ပြောင်းနေဖို့ ကိုအားလုံးစီစဉ်ထားတယ်။အတာလဲ ဆေးရုံပြောင်းရမယ်။ "

" အင်း။ပြောင်းတော့မပြောင်းချင်ပင်မယ့် မေမေတို့နဲ့ နီးနီးကပ်ကပ်နေချင်နေတော့လဲ ။ ပြောင်းရမှာပေါ့။ "

" အတာ့ ကို  ကို ချစ်တယ်။ "

" စက်။ "

တာတာ့ကို နောက်ကနေ သိုင်းဖက်လိုက်တော့ တစ်ချက်တွန့်သွား ရသည်။ လည်တိုင်တစ်လျှောက်ကို တိုးဝှေ့နမ်းရှိုက်နေတဲ့သူက တာတာ့ဆံပင်တွေကိုပါ အားရစွာ နမ်းရှိုက်နေပြန်သည်။

" စက် တော်တော့ သူများ​တွေမြင်ရင်မကောင်းဘူး။ "

" မြင်မြင်ပေါ့ ကိုတို့ကလင်မယားတွေပဲ ဘာမှ ဂရုစိုက်စရာမလိုဘူး။ "

"  လွှတ်ပါ ကျွန်မမကြိုက်ဘူး စက်။ "

အတင်းရုန်းနေတော့ စက် ပိုတိုးပြီး မဖက်ထားဖြစ်တော့ဘဲအသာတကြည်လွှတ်ပေးလိုက်သည်။သူ့ဆီက ကြင်နာမှုကိုရရဖို့ ကို့မှာ ဘယ်လောက်တောင်မျှော်လင့်တောင်းတနေမိလဲ ဆိုတာ သူမှမသိတာ။

အမှုန်အမွှားလေးတွေတောင်တဖြည်းဖြည်းစုလာရင်အစိုင်အခဲ​တွေဖြစ်သွားနိုင်သလို ဒီလိုပြသနာလေးတွေကလဲ ကြာလာရင် ပြသနာကြီး​တွေဖြစ်သွားနိုင်ပါတယ်။တာတာနဲ့စက်ကြားမှာ အဲလိုပြသနာတွေ
စက် အဖြစ်ခံမှာ မဟုတ်ဘူး။ဘယ်တော့မှအဖြစ်ခံမှာ မဟုတ်ဘူး။

.

ထမင်းစား ပြီး တာတာ ကဆေးရုံပြန်သွားသလိုသူကလဲ မြို့သွားမယ်ဆိုပြီးထမင်း စားပြီးတာနဲ့ ထွက်သွားသည်။
သူ့ကို အေးစက်စက် ဆက်ဆံဖို့တာတာ့ ဘက်ကမရည်ရွယ်ပင်မယ့်သူ့မျက်နှာကိုမြင်တာနဲ့ တာတာ အတွေးထဲမှာ ကိုငယ်ရောက်လာတာက ခက်သည်။

" ဒေါက်တာ အိပ်ရေးမဝဘူးထင်တယ်။ "

ရှင်နန်း က ကော်ဖီတစ်ခွက်ကမ်းပေးရင်းမေးတော့ခေါင်းခါပြလိုက်သည်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now