အပိုင်း၁၃

1.4K 16 0
                                    

နွေအိပ်မက်🌷[Summer dream🌸]

အပိုင်း ၁၃🌸

" ပျော်လား "

" တာတာ မရှိဘဲ ရှင်သန်ရတဲ့ဘဝကို အဲ့လောက်တောင်ကြိုက်လား "

" အင်း ကြိုက်တယ် အရမ်းကြိုက်တယ် နင့် မျက်နှာကို
ထပ်မမြင် ရလေ ငါ့ အတွက် ပိုကောင်းလေပဲ ကျော့က
ငါလိုချင်တဲ့ အရာအားလုံးပေးတယ် ကျော့က မင်းနဲ့ မတူဘူး သူက ငါ့ဘဝ အတွက် အရာအားလုံးပဲ "

" ကောင်းပြီလေ တာတာ ထွက်သွားပေးပါ့မယ် "

ကျောခိုင်းပြီး လှည့် ထွက်လိုက်ချိန် ကိုငယ်က အ နောက်ကနေ  တာတာ့ တစ်ကိုယ်လုံးကိုသိုင်း ဖက်လာခဲ့သည်။

ဖက်ထားတာကို လွှတ်လိုက်တော့ နောက်လှည့်ကြည့်မိချိန် မျက်ရည်တွေနဲ့ ကိုငယ့် မျက်နှာကိုမြင်ရသည်။နှာသီး ဖျားလေးတွေ နီရဲနေတာ က ဘယ်လောက်တောင်ငိုထားလဲ သိသာသည်။တာတာ  ကိုငယ့် မျက်နှာကို လှမ်းကိုင်ဖို့ပြင်လိုက်ချိန် ကိုငယ်က အမှုန်အမွှားတစ်ခုလို ပျောက်ကွယ်သွားခဲ့ပြီ။
သူက ကို့အပေါ်မကောင်းတာတွေလုပ်ခဲ့တာကိုမေ့သွားပြီး သည်းသည်းထန်ထန် ငိုကြွေးနေမိသည်။နှလုံးသားတစ်ခုလုံးပေါက်ထွက်မတတ် ကွဲကြေမတတ် ခံစား ရလွန်းလို့  သေလောက်အောင်ငိုနေမိသည်။

" ဟင့်   "

" အတာ အတာ သတိထားဉီးလေ "

" အင့် အင့် "

စက် ဘာလုပ်လို့ လုပ်ရမှန်းမသိတော့။သူလဲ ကို့လိုပဲ အိပ်မက်တွေရဲ့ နှိပ်စက်မှုကို ခံနေရပါလားလို့တွေးမိချိန်သနားလာသည်။နှဖူးစပ်ကို ခပ်ဖွဖွလေးနမ်းပြီး လက်ခုံနဲ့ ချွေးစတွေကို လိုက်သုပ်ပေးနေမိသည်။

" အင့် "

ဘယ်လောက်တောင်ဝမ်းနည်းနေလဲမသိ။ငိုနေလိုက်တာ အမေပျောက်သွားလို့ လိုက်ရှာနေတဲ့ကလေးတစ်ယောက်လို။စက် သူမဘေးမှာ ဝင်လှဲလိုက်ပြီး သူမကိုယ်လေးကို ပွေ့ထားမိသည်။တစ်ချက်တွန့်သွားပြီး မကြာခင်ရှိုက်သံလေးနဲ့ တဆတ်ဆတ် တုန်နေတဲ့ ကိုယ်လေးပါ စက်ရင် ခွင် ထဲမှာ ခေတ္တ ငြိမ်သက်သွားခဲ့ပြီ။

🌸.

စက် သူမနိုးခင် အမြန်ထပြီး မနက်စာပြင်ရသည်။အိမ်ပြောင်းပြီး ၂ရက်အကြာမှာ သူ ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ သတိထားမိလို့ မနက်စောစောမထရအောင် ကိုယ်တိုင် မီးဖိုခန်းထဲဝင်ပြီးစားဖိုမှူးလုပ်ရသည်။သူက တော့ ဝန်ထမ်း တွေလာပို့တယ် ချည်းထင်နေတာ။သူနဲ့ကို နှစ်ယောက်ထဲအေးဆေးနေချင်လို့ဘယ်ဝန်ထမ်းမှ ခေါ်မထားကို မသိ။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now