အပိုင်း (၅)

223 26 0
                                    

အပိုင်း (၅)

အစောင့်တွေရဲ့အကြည့်တွေကိုရှောင်ရှားရင်း သူမ အနောက်ဘက်နံရံပေါ် ခွတက်လိုက်တယ်။ ကွေ့ပတ်သွားရတဲ့လမ်းကြောင်းအတိုင်း သွားပြီးတဲ့နောက် သူမ နောက်ဆုံးတော့ စစ်သူကြီးအိမ်တော်ရဲ့ အနောက်တံခါးဆီ ရောက်ရှိသွား၏။ စစ်သူကြီးအိမ်တော်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လို့နေသည်။ မီးလောင်တဲ့အသံကလွဲလို့ တိတ်ဆိတ်မှုထီးထီးကြီးသာ ရှိနေခဲ့သည်။

သူမ အနောက်တံခါးကို အချိန်အကြာကြီး စိုက်ကြည့်နေမိ၏။ တကယ်လို့ သူမ ဝင်သွားပြီး လူသတ်သမားနဲ့ ထိပ်တိုက်ဆုံခဲ့မယ်ဆိုရင် လုဟိုင်ခုန်းရဲ့အလောင်းကို မရယူနိုင်ရုံတင်မက သူမရဲ့ဘဝကိုပါ ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါက တကယ့်ကိုမထိုက်တန်ဘူးပဲ။

သူမရဲ့အတွေးတွေ အဖန်ဖန်ပြန်လည်လို့နေပြီး သူမ စစ်သူကြီးအိမ်တော်ရဲ့အရှေ့ဘက်မှာ ခွေးတိုးပေါက်လေးရှိမှန်း အမှတ်ရသွား၏။ အဲ့ဒီနေရာက ဖုံးကွယ်နေတာ။ အထဲမှာ လူသတ်သမားတွေ ရှိမယ်ဆိုရင်တောင်မှ သူတို့ သူမကို ရှာတွေ့ကြမှာမဟုတ်ဘူး။

ဒီနှစ်တွေတစ်လျှောက်လုံး လူသားတွေရဲ့အတွေးအခေါ်တွေကို လက်ခံသင်ယူပြီးတဲ့နောက် ခွေးတိုးပေါက်ကနေ တွားသွားထွက်တာဟာ ကောင်းမွန်တဲ့အရာမဟုတ်ဘူးလို့ ခံစားနေရပြီ။ သူမရဲ့ခန္ဓာကိုယ်က ခွေးတိုးပေါက်နဲ့ ဆန့်နိုင်ပါဦးမလားတောင် မသိတော့ဘူး။

သို့သော် သူမ ခွေးတိုးပေါက်ကို ရှာတွေ့တဲ့အချိန်မှာ ခွေးတိုးပေါက်ထဲမှာ တစ်စုံတစ်ယောက်ရှိနှင့်နေပြီမှန်း သိလိုက်ရ၏။ အဲ့ဒီလူကတော့ သူမ ရယူချင်နေတဲ့ရုပ်အလောင်း၊ လုဟိုင်ခုန်းပဲဖြစ်သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်က နံရံအပြင်မှာရှိနေပြီး တစ်ခြားတစ်ဝက်ကတော့ နံရံအတွင်းထဲမှာ ရှိနေတုန်းပဲ။ သူမ ရှက်ရွံ့မနေတော့ဘဲ ပျော်ရွှင်မြူးထူးသွား၏၊ “ကြည့်ရတာ ငါလည်း ခွေးတိုးပေါက်ကနေ ဖြတ်နိုင်ဦးမယ့်ပုံပဲ”

သို့သော် ယခုချိန်က သူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသရမယ့်အချိန်မှန်မဟုတ်သေးဘူး။

Love you seven times မြန်မာဘာသာပြန်စဆုံးМесто, где живут истории. Откройте их для себя