အပိုင်း (၁၆)

190 20 0
                                    

Love you seven times
အပိုင်း (၁၆)

အဲ့ဒီညက ဆရာ ဖုန်းရွှယ်ရှန်းအိမ်တော်ဆီ ပြန်မလာခဲ့ဘူး။ သူမ တစ်ညလုံးနီးပါး အိမ်တော်ရဲ့အရှေ့ဂိတ်တံခါးမှာ ဒူးခေါင်းလေးတွေကိုကွေးရင်း ထိုင်စောင့်နေခဲ့တာ။ တောင်ပေါ်က အေးစက်တဲ့လေတွေက သူမ၏အရိုးတွေကိုထိုးနေတဲ့ အပ်ချောင်းတွေကဲ့သို့ဖြစ်သည်။ သူမ၏နှလုံးသားဟာလည်း အေးစက်သွားခဲ့သည်။

သူမ၏ဦးခေါင်းထက်ကကောင်းကင်ယံမှာ ကြယ်လေးတွေ ပျံသန်းသွားခဲ့ကြသည်။ သူမ အိမ်တော်အပြင်ဘက်ကလမ်းမကြီးကို ပြောင်ပြောင်တင်းတင်း စူးစိုက်ကြည့်ရင်း ဆရာ ရုတ်တရက် ထွက်ပေါ်လာဖို့ စောင့်မျှော်နေခဲ့မိတာ။ သူ သူမရဲ့ပါးပြင်တွေကို ဆွဲလိမ်ပြီး သူမကို ဟစ်အော်ပြောကာ၊ အတွင်းထဲဝင်ပြီးအိပ်ဖို့ ပြောလာတော့မှာလေ။

သို့သော် ဆရာ ပေါ်မလာခဲ့ဘူး။ ပေါ်လာတဲ့သူကတော့ ကျီဟွေးပဲဖြစ်သည်။ သူက သူမကို ကုတ်အင်္ကျီတစ်ထည် လွှမ်းခြုံပေးလာခဲ့တယ်။

“အတွင်းထဲဝင်အိပ်တော့၊ ငါ စောင့်ကြည့်ပေးထားမယ်၊ မင်းရဲ့ဆရာ ပြန်ရောက်လာတဲ့အချိန်ကျရင် ငါ မင်းကိုနှိုးလိုက်မယ်”

သူမ ခေါင်းမာမာနဲ့ ခေါင်းခါပြလိုက်သည်။ ကျီဟွေးတစ်ယောက် သူမကို ဖျောင်းဖြဖို့ ဆက်မကြိုးစားတော့ဘူး။ ထိုအစား သူ သူမရဲ့နံဘေးမှာပဲ ထိုင်ချပစ်လိုက်တယ်၊ အရှေ့က လမ်းမရှည်ကြီးကို သူမတို့နှစ်ဦးအတူတူ စူးစိုက်ကြည့်ခဲ့ကြသည်။

“ကျီဟွေး၊ ရှင် ဘာလို့ကျွန်မရဲ့ခင်ပွန်း ဖြစ်ချင်တာလဲ?” ဘာတစ်ခုမှလုပ်စရာမရှိတာကြောင့် သူမ ပါးစပ်ကိုဖွင့်ဟပြီး မေးမြန်းကြည့်လိုက်သည်၊ “ကျွန်မနဲ့ ရှန်းလင်ဂိုဏ်းကလူတွေ တစ်ယောက်နဲ့ တစ်ယောက်အကြောင်း အရမ်းသိကြတယ်ဆိုတာတောင်မှ ကျွန်မကို ဘယ်သူမှ လက်မထပ်ချင်ကြဘူး”

“အင်း၊ ဖြစ်နိုင်တာက… ငါက မင်းဆရာကိုကြောက်တာထက် မင်းကိုပိုကြိုက်သွားလို့ပဲ ဖြစ်မယ်”

“ရှင် ဘာလို့ကျွန်မကိုကြိုက်တာလဲ?”

ကျီဟွေး ခဏမျှရပ်တန့်သွားပြီးနောက် ပြောလာခဲ့သည်၊ “ခန့်မှန်းကြည့်လေ”

Love you seven times မြန်မာဘာသာပြန်စဆုံးTempat cerita menjadi hidup. Temukan sekarang