အပိုင်း (၃၃)

119 12 0
                                    

အပိုင်း (၃၃)

သူမ လက်ထဲကဓါးကို တစ်ချက်ကြည့်လိုက်တယ်။ သူမ၏လက်ရှိစွမ်းရည်နဲ့ဆိုရင်၊ သူမ သူတို့ထဲက အားအနည်းဆုံးကိုတောင်မှ နိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူး။ သူမ ဘယ်ညာလှမ်းကြည့်လိုက်တယ်၊ ကံကောင်းစွာနဲ့ သူမ မလှမ်းမကမ်းမှာ ဒူးလေးတစ်လက်ကိုလှမ်းမြင်လိုက်ရတယ်။ သူမ၏နှလုံးသားဟာ တစ်ချက်မျှစည်းချက်လွတ်သွား၏။ သူမ တိတ်တိတ်လေးရွှေ့လျားပြီး ဒူးလေးကိုကောက်ယူလိုက်တယ်။

ဖြစ်ပွားနေတဲ့တိုက်ပွဲက ဗုံသံတွေကဲ့သို့ အားမာန်အပြည့်နဲ့ ထိန်းချုပ်ရခက်ပြီးကျယ်လောင်လှ၏။ သူမ ဒူးလေးကိုကောက်ယူလိုက်တဲ့အချိန်မှာ အနက်ရောင်အရိပ်လေးတစ်ခု သူမ၏နောက်ကျောပေါ် ကျရောက်လာခဲ့သည်။ သူမ၏နှလုံးသားဟာ ဒုန်းခနဲထခုန်သွားတော့သည်။ သူမ ချက်ချင်းနောက်ပြန်လှည့်ပြီး၊ မစဉ်းစားမဆင်ခြင်ဘဲ သူမရဲ့နောက်ကလူကို မြားနဲ့ပစ်လိုက်တယ်။ သူမတို့ အရမ်းနီးကပ်နေတာကြောင့် တကယ့်နေရာကိုသွားထိမှန်၏… သူ့ရဲ့ခွကြားတည့်တည့်ပေါ့။ အနက်ရောင်အဝတ်စမျက်နှာဖုံးနောက်က သူ့ရဲ့မျက်လုံးတွေ ဝိုင်းစက်သွားမှန်း သူမ တွေ့လိုက်ရသည်။ သူ့ရဲ့ဒူးတွေတုန်ခါရင်း ဟစ်အော်တော့သည်။ အခု ကြည့်ရတာ သူမ နားဖို့အချိန်မရှိတော့ဘူးပဲ။

သူ ပေါင်ခြံနေရာကိုအုပ်ရင်း မြေပြင်ပေါ်လဲကျသွားခဲ့သည်။ ဒါက အလိုအလျောက်လုပ်မိသွားတဲ့ လှုပ်ရှားမှုလေးဖြစ်တာသိသာလှ၏၊ သို့သော် သူမ စိတ်သဘောထားကောင်းအောင်ကြိုးစားရင်း၊ သူမ၏တစ်စိတ်တစ်ပိုင်းမှာ ကောက်ကျစ်တဲ့ရည်ရွယ်ချက်တစ်ချို့ ရှိနေတုန်းလို့ ခံစားရ၏။ တမင်သက်သက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သူမ ဒီအတွက်ကြောင်သွားပြီး၊ သူ့ကိုတောင်းပန်ရင်း အလုပ်များနေခဲ့ပေမဲ့ မြေပြင်ပေါ်မှာလဲနေတဲ့လူဟာ ထပ်ပြီးလှုပ်မလာတော့ဘူး။ လေထုဟာ ခဏမျှတိတ်ဆိတ်သွား၏၊ ထို့နောက် အမျိုးသမီးတစ်ဦး၏ဟစ်အော်သံ ထွက်ပေါ်လာခဲ့သည်၊ “သူမကိုဖမ်း! သူမက ချင်တိုင်းပြည်ရဲ့မင်းသမီး ချင်းလင်!”

သူမ နောက်ပြန်လှည့်ပြီးကြည့်လိုက်တယ်။ ဟစ်အော်သူက အုပ်စု၏ခေါင်းဆောင်ငယ်လေးဖြစ်နေခဲ့သည်။ သူဟာ… တကယ်တော့ သူမပဲ။ နောက်ပြီး သူမရဲ့အသံကို အတော်လေးရင်းနှီးနေခဲ့တယ်… ခဏမျှတွေးတောပြီးနောက် သူမ သဘောပေါက်လာခဲ့တယ်။ “ရှင်းယွင်!”

Love you seven times မြန်မာဘာသာပြန်စဆုံးDonde viven las historias. Descúbrelo ahora