အပိုင်း (၂၉)

136 7 0
                                    

Love you seven times
အပိုင်း (၂၉)

၃လကြာပြီးနောက်၊ ယခုချိန်မှာ ဆောင်းတွင်းသို့ရောက်ရှိနေနှင့်ပြီ။ ဝေ့တိုင်းပြည်က ချင်တိုင်းပြည်ကို စစ်ကြေညာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မယ်တော်ကြီးနဲ့ ဘုရင်မင်းမြတ်တို့ဟာလည်း ပြင်းထန်တဲ့တိုက်ပွဲအတွင်းမှာ အချင်းချင်းပိတ်မိနေခဲ့ကြတယ်။

ဘုရင်မင်းမြတ်ဟာ စစ်သည်တွေမစေလွှတ်ခင် သူမ(စစ်သူကြီး)ကို နန်းတော်ထဲဆင့်ခေါ်ပြီး ပညာသားပါပါ ခြိမ်းခြောက်တာရော၊ နှစ်သိမ့်တာပါ နောက်တစ်ခေါက် ထပ်လုပ်ခဲ့တယ်။ သူ သူမကို သတိထားစောင့်ကြည့်နေတာမို့၊ သူမ စစ်မြေပြင်ကနေ ထွက်ပြေးလို့ရနိုင်မယ်လို့ မထင်ဘူး။

စစ်သူကြီးအိမ်တော်ဆီပြန်ရောက်တော့၊ ချူးခုန်း ကြက်ကင်ကိုဝါးစားရင်း ခါးခါးသီးသီးညည်းညူလို့နေ၏၊ "သေသင့်တဲ့ဝေ့တိုင်းပြည်! စစ်ပွဲကို ဘာလို့ဆောင်းတွင်းကြီးစတာလဲ၊ ငါသခင်လေးကို ဒီရာသီဥတုကြီးထဲ ဟိုပြေးရ၊ ဒီပြေးရအောင်လုပ်တယ်၊ ရှောင်ရှန်းဇီ၊ မင်း သူတို့နဲ့ တစ်ပွဲလောက် နှစ်ပွဲလောက် သွားတိုက်၊ ထွက်မပြေးခင် သူတို့ကိုနည်းနည်းလောက် အနိုင်ကျင့်ခဲ့"

သူမနဲ့အတူ ဘာပစ္စည်းတွေယူဖို့လိုမလဲ တွေးနေတုန်းမှာ၊ ချူးခုန်း ဒီလိုမျိုး ပြောလာခဲ့တယ်။

"စစ်မြေပြင်ကိုသွားရမယ့်သူက ရှင်မဟုတ်ဘူး၊ ရှင်က ပါးစပ်ပဲလှုပ်တယ်၊ ရှင် သူတို့ကိုအနိုင်ကျင့်ချင်ရင် ရှင်ဘာသာရှင် သွားအနိုင်ကျင့်ပါ့လား"

ချူးခုန်း အသားတုံးကြီးကိုကိုက်ပြီး မပီမပြင်ရေရွတ်ပြောလိုက်သည်၊ "ငါသခင်လေး မသွားဘူးလို့ ဘယ်သူပြောလဲ?"

သူမ၏မျက်လုံးတွေ ဝင်းလက်တောက်ပသွားရင်း သူမ သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ရှင် ကျွန်မယောင်ဆောင်ပြီး၊ ကျွန်မကိုယ်စား စစ်မြေပြင်ဆီသွားမလို့လား? မင်းသမီးခုန်း၊ ရှင် မိန်းမဖြစ်လာတဲ့နောက် အတော်လေးလူသားဆန်လာတယ်"

ချူးခုန်း သူမကို ယဲ့ယဲ့လေးကြည့်ပြီးနောက် ရုတ်ချည်းမျက်နှာရှုံ့မဲ့သွား၏။ ထို့နောက် သူ ဘာတစ်ခုမှပြန်မပြောဘဲ ကြက်ကင်ကိုသာ ဆက်ကိုက်လေသည်။ သူ သူမနဲ့မငြင်းခုန်ဘဲနေခြင်းက အံ့အားသင့်စရာကြီးဖြစ်ပေမဲ့ သူမရဲ့စိတ်ကို မအီမသာဖြစ်စေခဲ့တယ်။

Love you seven times မြန်မာဘာသာပြန်စဆုံးNơi câu chuyện tồn tại. Hãy khám phá bây giờ