အပိုင်း (၃)

255 30 0
                                    

Love you seven times
အပိုင်း (၃)

ကံကြမ္မာဘီးက ဒီနေ့မှစလည်ပတ်လာခဲ့ပြီ။ မနေ့ညက မိုးနတ်မင်းလီတစ်ယောက် စားပွဲပေါ်မှာ စုတ်တံတစ်ချောင်းနဲ့ စိတ်အားထက်သန်စွာရေးသားနေတာကို သူမ အိပ်မက်မက်ခဲ့တယ်။ လူသားတွေဟာ ဝါးချောင်းပေါ်မှာ စုတ်တံလေးနဲ့ ပဲငံပြာရည်သုတ်ပြီးချိတ်ဆွဲခံထားရတဲ့အသားလိုမျိုး ခံစားလိုက်ရသည်…

ဒီအကျည်းတန်တဲ့ပုံရိပ်တွေ ပျောက်ပျက်သွားအောင်လို့ သူမ စောင်ကိုမျက်နှာပေါ်ထိ ဆွဲခြုံလိုက်သည်။ သူမ အသက်ရှုကြပ်သွားတဲ့အချိန်မှာ စောင်ကိုမပြီး ထထိုင်လိုက်တယ်။

မဟုတ်သေးဘူး! သူမ ကံကြမ္မာကို အညံ့မခံနိုင်ဘူး။ ဒါဆို သူမ မကောင်းကြံထားသမျှ အချည်းနှီးဖြစ်သွားလိမ့်မယ်။ မသေမျိုးဘုံကသူမရဲ့အတိတ်ဘဝနဲ့ မှတ်ဉာဏ်တွေ အလဟဿ ဖြစ်သွားလိမ့်မယ်။ သူမ ကံကြမ္မာကို တန်ပြန်တိုက်ခိုက်ဖို့လိုတယ်။

သူမ လက်ချောင်းကိုကိုက်ပြီး မျက်နှာကြီးရှုံ့မဲ့ပစ်ကာ အနာဂတ်အကြောင်း တွေးမိသွား၏။ ချူးခုန်းဆိုတဲ့ သန်းခေါင်သားကိုရှင်းလင်းပစ်ဖို့ နည်းလမ်းရှိတယ်မလား?

ရုတ်တရက် သူမရဲ့စိတ်ထဲမှာ အကြံဉာဏ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ မိုးနတ်မင်းလီရေးသားတဲ့ ဒီပြဇာတ်က ၇နှစ်ဘဝအချစ်ဇာတ်လမ်းလေ။ တကယ်လို့ သူမတို့ထဲကတစ်ယောက်ယောက်သာ စောသေပြီး နောက်ဘဝမှာပြန်ဝင်စားသွားမယ်ဆိုရင် ထိုဘဝတွေတစ်လျှောက်လုံး ကျန်သူတစ်ယောက်က ဝမ်းနည်းပူဆွေးစွာစောင့်စားနေရမှာ… ဒါက ဒီလိုဖြစ်သွားမယ်ဆိုရင် သူမတို့အချင်းချင်း ရှောင်လွှဲနေစရာ မလိုတော့ဘူး၊ သူမတို့ ဘဝဆက်တိုင်း လွဲချော်သွားမှာ သေချာပေါက်ပဲ။

သူမ ဒီအကြောင်းကိုတွက်ချက်မိသွားတဲ့အချိန်မှာ မှန်ဆီပြေးသွားပြီး မှန်ထဲကသူမရဲ့ပုံရိပ်ကိုသူမ အနမ်းတစ်ပွင့် ခြွေလိုက်တယ်။

အမတ်ချုပ်ကြီးရဲ့သမီးဆိုတဲ့ သူမရဲ့ဂုဏ်ပုဒ်က သူမ ပျင်းပျင်းရိရိနေထိုင်ဖို့ သင့်လျော်တဲ့အကြောင်းပြချက် ဖြစ်သည်။ သူမ ဒီလိုဘဝမျိုးကို လက်မလွှတ်ချင်ဘူး။ ဒါဆို…

Love you seven times မြန်မာဘာသာပြန်စဆုံးOnde histórias criam vida. Descubra agora