အပိုင်း (၃၅)

127 11 2
                                    

အပိုင်း (၃၅)

သူမ၏နားရွက်တွေထဲမှာ သာယာနာပျော်ဖွယ်ကောင်းတဲ့မြစ်ရေစီးသံလေး ထွက်ပေါ်နေခဲ့သည်။ ချူးခုန်း၏ရင်အုံဟာ နွေးထွေးလှတဲ့မှတ်ဉာဏ်တွေကို ပြန်အမှတ်ရစေ၏၊ သူမ အဲ့ဒီဘဝတုန်းက သူမ၏တစ်ဦးတည်းသောဆရာနဲ့အတူ အိပ်ရာပေါ် လဲလျောင်းတဲ့ဖုန်းရွှယ်ရှန်းအိမ်တော်ထဲက နေ့ရက်လေးဆီ ပြန်ရောက်သွားခဲ့သည်။ သူ့အပေါ် အလုံးစံုံမှီခိုပြီး သူ့ကို စိတ်ရောကိုယ်ပါ ယုံကြည်၍ ချစ်မြတ်နိုးခဲ့တယ်။ သူမ၏အချစ်မရှိတဲ့တစ်ခြားမှတ်ဉာဏ်တွေဟာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

သူမ လက်ကိုဆန့်ထုတ်ပြီး ချူးခုန်း၏ခါးကို သိုင်းဖက်လိုက်တော့မယ့်အချိန် ရင်းနှီးကျွမ်းဝင်တဲ့ပုံရိပ်လေးတစ်ခု လမ်းမကြီးပေါ် စိတ်အားထက်သန်စွာပြေးဆင်းလာခဲ့သည်။

“အိုင်းရာ၊ ငါ တွေ့တာ ဘာကြီးပါလိမ့်? မျက်စိကျိန်းလောက်အောင်ကို လှပလွန်းတယ်! အို ရန်သူနှစ်ယောက် အချင်းချင်းပွေ့ဖက်နေကြပြီပဲ!”

ဆင်ခြင်တုံတရားမရှိတဲ့အရာတစ်ခုကို လုပ်မိလိုက်တဲ့အတိုင်း၊ ချူးခုန်းနဲ့ သူမတို့ အချင်းချင်း တွန်းထုတ်ပစ်လိုက်ကြသည်။ သူမတို့ တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာလှမ်းကြည့်မိကြ၏။

ကောင်းကင်ဘုံကနေ ပြန်ရောက်လာစဖြစ်သည့်ရန်ဝမ်တစ်ယောက် ရှုပ်ထွေးတဲ့ဝတ်စုံကြီးကို ဝတ်ဆင်ထားသည်။ သူ မေးဖျားကိုပွတ်လို့နေ၏။ သူ့ရဲ့တောက်ပတဲ့မျက်လုံးတစ်စုံက သူမနဲ့ ချူးခုန်းတို့ကို လှမ်းကြည့်နေခဲ့တယ်။ ရန်ဝမ် မြေအောက်ကမ္ဘာဆီ ပြန်ရောက်လာပြီး၊ သူမနဲ့ ချူးခုန်းတို့ကို တွေ့သွားတာကြောင့် သူ့ရဲ့စိတ် ပျော်ရွှင်သွားတာဖြစ်သည်။

“မစိုးရိမ်နဲ့၊ ငါ တတိယဘီးလုပ်ဖို့ လာတာမဟုတ်ဘူး၊ မင်းတို့နှစ်ယောက် ဆက်လုပ်ကြ၊ အင်း၊ မင်းတို့ရဲ့စိတ်ဝိဉာဉ်တွေ အတူပူးပေါင်းသွားတော့မယ့်အတိုင်း အချင်းချင်းပွေ့ဖက်နေတာကို မြင်လိုက်ရတော့ ငါ အတော်စိတ်လှုပ်ရှားသွားတယ်”

“ဘယ်… ဘယ်သူ့ရဲ့စိတ်ဝိဉာဉ်က သူမနဲ့ ပူးပေါင်းမှာလဲ!”

ချူးခုန်း၏ဟစ်အော်သံကြီး သူမ၏နားစည်ထဲ ရိုက်ခတ်လာခဲ့သည်။

Love you seven times မြန်မာဘာသာပြန်စဆုံးNơi câu chuyện tồn tại. Hãy khám phá bây giờ