အပိုင်း (၁၁)

226 25 0
                                    

Love you seven times
အပိုင်း (၁၁)

သူမ ရန်ဝမ်ကို ခပ်တင်းတင်းဖက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးပြလိုက်သည်။ သူမကို မြေအောက်ကမ္ဘာမှာ နောက်ထပ်နှစ်အနည်းငယ်ကြာအောင် စွပ်ပြုတ်ချက်ခွင့်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်။ ရန်ဝမ် အရမ်းစိတ်ရှုပ်သွားပုံပေါ်၏။ သူက စိတ်ထားနူးညံ့တာမို့ တရားသူကြီးမင်းကို ကြိမ်ဖန်များစွာ လှမ်းကြည့်လေသည်။ အေးတိအေးစက်တရားသူကြီးမင်းကတော့ ဤသို့သာပြော၏၊ “မြေအောက်ကမ္ဘာရဲ့တရားရေးက စည်းကမ်းတင်းကျပ်တယ်၊ အပြစ်မရှိတဲ့သူတွေကို အပြစ်ပေးလို့မရဘူး”

သူမ နာကျင်စွာ ဟစ်အော်လိုက်တော့သည်၊ “ကျွန်မက အပြစ်ရှိပါတယ်၊ ကျွန်မ ရှင့်ကိုတောင်းဆိုပါတယ်! ရှင် ကျွန်မကို နောက်ထပ်နှစ်ပေါင်းများစွာကြာအောင် အပြစ်ပေးသင့်တာ၊ ရှင် ကျွန်မကို အနှစ်၃၀ ဒါမှမဟုတ် အဲ့ထက်ပိုပြီးအပြစ်ပေးမယ်ဆိုရင် ပိုကောင်းမယ်၊ ကျွန်မ ရှင့်ကိုအမွှေးတိုင်ထွန်းညှိပြီး ကျေးဇူးဆပ်ပါ့မယ်!”

တရားသူကြီးမင်းဟာ လှုပ်ရှားမသွားခဲ့ဘူး။ ရန်ဝမ် ကျယ်လောင်စွာသက်ပြင်းချပြီး သူမ၏ဦးခေါင်းလေးကို ပုတ်၍ပြော၏၊ “ရှောင်ရှန်းဇီ၊ မငိုနဲ့၊ မင်း ကံကြမ္မာကိုရှောင်လွှဲလို့မရဘူး”

သူမ အရှုံးပေးဖို့ငြင်းဆန်နေခဲ့သည်၊ “ဘာကြောင့်လဲ?! ကျွန်မတို့ နောက်တစ်ခေါက် ဗြောင်းဆန်အောင် လုပ်ခဲ့တာ အမှန်ပဲကို၊ ဘာကြောင့် ကျွန်မတို့ကို အပြစ်မပေးတော့တာလဲ?!”

ရန်ဝမ် နှာခေါင်းကိုပွတ်တော့သည်။

“ဒါက၊ ဘယ်သူ့ဆီကမှလည်း ကန့်ကွက်စာရောက်မလာသလို၊ မြေအောက်ကမ္ဘာပေါ်လည်း ကြီးကြီးမားမား သက်ရောက်မှုမရှိခဲ့ဘူး၊ ဒါကြောင့် မင်း အပြစ်ပေးခံရမှာမဟုတ်ဘူး”

“ကျွန်မ အိုးထဲကစွပ်ပြုတ်တွေအားလုံးကို သွားသွန်ပြီး ပြန်လည်ဝင်စားဖို့လိုအပ်တဲ့ဝိဉာဉ်တွေအားလုံးကို နှောင့်နှေးအောင်လုပ်ပစ်မယ်”

တရားသူကြီးမင်း သူမကို အေးတိအေးစက်ကြည့်ပြီး ပြောလေသည်၊ “မင်း အဲ့လိုမလုပ်ဖို့ ငါအကြံပေးမယ်၊ ဒါက ကြီးမားတဲ့အပြစ်မို့ မင်း အရိုက်ခံရလိမ့်မယ်”

Love you seven times မြန်မာဘာသာပြန်စဆုံးOù les histoires vivent. Découvrez maintenant