အပိုင်း (၇)

220 28 0
                                    

Love you seven times
အပိုင်း (၇)

ထိုနေ့ညက လုဟိုင်ခုန်းနဲ့ သူ့ရဲ့ဦးလေးတို့ တစ်ညလုံး စကားပြောခဲ့ကြတယ်။ သူမ အခန်းဆီပြန်ပြီး အသေအချာလေး ရေချိုးသန့်စင်လိုက်သည်။ ရေချိုးပြီးသွားတဲ့နောက် သူမ ဒီရက်ပိုင်းအတွင်း အိပ်စက်ခဲ့သမျှထဲမှာ စိတ်အဖြောင့်ဆုံး အိပ်စက်နိုင်ခဲ့တော့သည်။ နောက်တော့… နောက်ဆိုတာ မရှိတော့ဘူး။

နောက်ရက်မှာတော့ လုဟိုင်ခုန်းရဲ့ဦးလေးက ရုံးတော်ကစေလွှတ်တဲ့အမတ်တစ်ယောက်ကို ဖမ်းဆီးပစ်လိုက်တယ်။ ယခင်ဘုရင်ဟောင်းရဲ့ဘက်မှာ ရပ်တည်ရင်း သူ သစ္စာဖောက်တွေကို ကြီးကြီးမားမား သုတ်သင်ရှင်းလင်း ပစ်ခဲ့တယ်။ ဘုရင်သစ်ကိုဆန့်ကျင်တဲ့အလံကိုလည်း လွှင့်တင်ခဲ့တယ်။ တောင်ပိုင်းကလူအများဟာ သူ့ရဲ့လုပ်ရပ်တွေအတိုင်း လိုက်လုပ်ခဲ့ကြတယ်။

ထို့နောက် လုဟိုင်ခုန်း လက်စားချေရမယ့်နေ့ကိုစောင့်စားရင်း စိတ်နှလုံးသွင်းနေထိုင်ခဲ့တော့သည်။ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးမှာ သူ့ရဲ့အပြုံးတွေ ပျောက်ဆုံးသွားတယ်။ သူ တစ်နေ့လုံး သိုင်းကျင့်တာ၊ စာပေလေ့လာတာကိုလုပ်ပြီး တစ်နေကုန် သူ့ရဲ့ဦးလေးနဲ့ပဲ အချိန်ကုန်နေတော့သည်။

သူမ၊ သူမကတော့ လုလျန်မြို့ရဲ့ကျော်ကြားလှတဲ့အရက်ဆိုင်တစ်ဆိုင်နဲ့ ချစ်ကြွမ်းဝင်နေခဲ့ပြီ။ အရက်ရောင်းတဲ့အမျိုးသမီး လန်ရှန်းက ချောမောလှပတဲ့မုဆိုးမလေးဖြစ်တယ်။ ထိုအမျိုးသမီးမှာ မှော်လက်တစ်စုံရှိ၏။ သူမရဲ့ဝိုင်က ယွင်ရှန်း ကောင်းကင်ဘုံမှာဝယ်သောက်ရတဲ့ဟာထက်ပိုပြီး အရသာရှိတယ်။ ဒါပေါ့၊ သူမ(ယွင်ရှန်း)မှာ ပိုက်ဆံနည်းနည်းပဲရှိလို့လည်း ဖြစ်နိုင်လောက်တယ်၊ သူမ ကောင်းကင်ဘုံက ဝိုင်ကောင်းကို ဝယ်မသောက်နိုင်ခဲ့ဘူးလေ။

တင်းမာမှုတွေပြည့်နှက်နေတဲ့ အိမ်တော်ထဲကဘဝကို သူမ မကြိုက်ဘူး။ သူမ နိုးထလာတာနဲ့ အရက်ဆိုင်ဆီသွားပြီး ထိုမှာပဲထိုင်ကာ သောက်ရင်း တစ်ခြားဧည့်သည်တွေရဲ့ပြောစကားကို နားထောင်တယ်။ တစ်ခါတစ်ရံ သူမ မူးသွားတဲ့အချိန်မျိုးမှာ ဆိုင်ပိုင်ရှင် ယွီလန်ရှန်းကို အခွင့်ကောင်းယူလေ့ရှိတယ်။ လန်ရှန်းတစ်ယောက် သူမကို မကြာခဏ ရယ်မောပြောလေသည်။ “မင်းသာ ယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အခွင့်ကောင်းယူလွန်းလို့ ငါ မင်းကို အစောကြီးက ရိုက်သတ်မိလောက်ပြီ”

Love you seven times မြန်မာဘာသာပြန်စဆုံးUnde poveștirile trăiesc. Descoperă acum