အပိုင်း (၃၄) စဆုံး

180 14 0
                                    

အပိုင်း (၃၄) အခွဲ-၁

မြေအောက်ကမ္ဘာကို ပြန်ရောက်တော့၊ သူမ တံခါးပေါ်ကဘုတ်ပြားရှည်ကြီးကို အချိန်အကြာကြီးကြည့်ပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူမ စိတ်တင်းပြီး ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့၊ ရန်ဝမ့်နန်းတော်ဆီ စတင်လှမ်းလိုက်စဉ် တစ္ဆေငယ်လေးက သူမကို စောင့်ကြည့်နေခဲ့သည်။

သူမ ရန်ဝမ်၏နန်းတော်တံခါးကို ဖွင့်လိုက်တယ်။ အံ့အားသင့်ဖွယ်ကောင်းစွာ သူမ သူ့ရဲ့ဟောက်သံကို မကြားခဲ့ရဘူး။ ထိုအစား၊ ရန်ဝမ်၏ကြီးမားလှသောစားပွဲဘေးက စားပွဲသေးသေးလေးတစ်ခုမှာ တရားသူကြီးမင်းတစ်ယောက် အမှုတွဲပုံကြီးထဲ ခေါင်းမြှုပ်နေတာကို သူမ တွေ့လိုက်ရသည်။ သူမ အထဲရောက်လာတော့ သူ မော့တောင်မကြည့်ဘဲ ပုံမှန်အတိုင်း စကားတစ်ချို့ပြော၏၊ "မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ? ပြော"

"အင်း... ကျွန်မ နောက်တစ်ခေါက် ပြန်ရောက်လာပြီလို့"

တရားသူကြီးမင်းဟာ နောက်ဆုံးတော့ စားပွဲပေါ်မှခေါင်းမော့လာပြီး သူမကိုတစ်ချက်ကြည့်၏။ ထို့နောက် သူ ခေါင်းကိုပြန်ငုံ့ပြီး အလုပ်ပဲဆက်လုပ်တော့သည်။

"အင်း၊ ငါသိပြီ"

ဒီလိုအေးတိအေးစက်ဆက်ဆံမှုမျိုး ရရှိလိမ့်မယ်လို့ သူမ လုံးဝ ထင်မထားခဲ့ဘူး။ ထိုနေရာမှာ ခဏမျှရပ်နေပြီးနောက်၊ သူ့ကိုနှောင့်ယှက်လိုက်လို့ ခဏတာပူဆူခံရမှာဖြစ်ပေမဲ့၊ ဒါက မရေရာဘဲစောင့်စားနေရမယ့် ကာလတာရှည်နာကျင်မှုထက်စာရင် ပိုကောင်းလိမ့်မယ်လို့ သူမ တွေးမိသွား၏၊ ဒါကြောင့် သူမ မေးလိုက်တော့သည်၊ "ရန်ဝမ် ဘယ်မှာလဲ? ကျွန်မ အပြစ်ဒဏ်ခံယူဖို့ရောက်လာတာ"

တရားသူကြီးမင်း အေးစက်စွာပြော၏၊ "ကောင်းကင်ဘုံဆီ အလုပ်ကိစ္စခရီးထွက်သွားတယ်၊ ပြန်ရောက်မလာသေးဘူး"

သူမ၏မျက်လုံးတွေ ဝင်းလက်တောက်ပသွားတော့သည်။ "ဒါဆို ကျွန်မ သူ့ကိုမနှောင့်ယှက်တော့ဘဲ ပြန်လည်ဝင်စားဖို့ သွားနိုင်ပြီလား?"

"အဲ့ဒီအကြောင်း စဉ်းတောင်မစဉ်းစားနဲ့"လို့ သိသိသာသာပြောနေသလိုမျိုး အေးစက်တဲ့အကြည့်တစ်ချက်နဲ့ တရားသူကြီးမင်း သူမကို ထပ်ကြည့်လာခဲ့သည်။

Love you seven times မြန်မာဘာသာပြန်စဆုံးМесто, где живут истории. Откройте их для себя