အပိုင်း (၁၄)

223 27 0
                                    

Love you seven times
အပိုင်း (၁၄)

စက္ကန့်ပိုင်းအတွင်းမှာပဲ၊ ဆရာ တစ်ဘက်သို့အနည်းငယ်စောင်းသွား၏။ ဓါးက သူ့ရဲ့ဘယ်ဘက်ပုခုံးပေါ် ကျရောက်သွား၏။ သွေးတွေ စီးကျလာပေမဲ့ ဆရာ နာကျင်မှုအနည်းငယ်တောင် ခံစားရတဲ့ပုံ ပြမလာခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်လေး လျှောကျသွား၏။ နောက်တော့ သူ ဘယ်လိုအင်အားမျိုး သုံးလိုက်တာလဲ သူမ မသိပေမဲ့ သူ ထိုအမျိုးသားတွေဆီ ပျံသန်းသွားပြီး အသာယာဆုံးရိုက်ချက်တစ်ခု ပြုလိုက်သည်။ သူတို့ တုန်လှုပ်ချောက်ခြားသွားပြီး ချက်ချင်းလဲကျသွားကာ၊ သူတို့၏ပါးစပ်တွေမှ သွေးတွေစီးကျလာရင်း သတိလစ်သွားတော့သည်။

သူမအပေါ် မှီနေတဲ့ကျီဟွေးလည်း တောင့်တင်းသွားခဲ့သည်။ သူ တောင့်တင်းသွားသွား၊ မသွားသွား၊ သူမ ဂရုမစိုက်တော့ဘဲ သူ့ကို ဘေးသို့တွန်းထုတ်ပြီး ဆရာ့ဆီ အပြေးသွားလိုက်သည်။ ဆရာ၏ပုခုံးပေါ်က ဒဏ်ရာကိုမြင်တော့ သူမ ဘာလုပ်လို့၊ ဘာကိုင်ရမယ်မှန်း မသိတော့ဘူး။

"ကြောက်နေတာလား?"

ဆရာက ဖြူဖျော့နေပေမဲ့ သူ့ရဲ့အသံက ယခင်အတိုင်း တစ်ပုံစံတည်းဖြစ်သည်။

"နောက်တစ်ခေါက် မင်း ထွက်ပြေးရဲရင်..."

သူ လှည့်ထွက်သွားတော့သည်။ သူ ဒေါသတစ်ချို့ ပေါက်ကွဲမထွက်သေးတာကြောင့်ပဲ ဖြစ်ရမယ်။

သူမ သူ့ရဲ့ညာလက်လေးကိုဆုပ်ကိုင်ပြီး ကြောက်ကြောက်လန့်လန့်မေးလိုက်သည်၊ "ဆရာ... ဒဏ်ရာက မနာဘူးလား..."

"ငါ မသေသေးပါဘူး" သူ အေးစက်စွာပြော၏။ "ဟွန်း၊ မင်းက ငါ့ကို အခုမှဆရာလို့ သတ်မှတ်တာလား? ငါ မင်းကို ကြက်သားဂျင်ဆင်းစွပ်ပြုတ်မစားခိုင်းတာနဲ့၊ မင်း ကြက်သားနဲ့ချက်စားဖို့ မှိုရှာ ထွက်သွားတယ်၊ မင်း ရှာတွေ့ခဲ့ရဲ့လား?"

သူမ အမှားကို ကျိုးနွံစွာဝန်ခံလိုက်သည်၊ "ဆရာ၊ ကျွန်မ မှားပါတယ်၊ နောက် ဘယ်တော့မှ ထွက်မပြေးတော့ဘူး"

သူမ ကြောက်လန့်သွား၏။ သူမ၏အသံက ချုပ်တည်းမထားနိုင်တော့ဘဲ တုန်ရီသွားခဲ့သည်။ "စိတ်မဆိုးပါနဲ့... ကျွန်မကို မလိုချင်တော့ဘူးလား"

Love you seven times မြန်မာဘာသာပြန်စဆုံးNơi câu chuyện tồn tại. Hãy khám phá bây giờ