အပိုင်း (၂၆)

130 13 0
                                    

Love you seven times
အပိုင်း (၂၆)

ချူးခုန်း ရှက်ဖြာနေပေမဲ့ ရှောင်ဖယ်မသွားခဲ့ဘူး။ သူ သူမတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့တယ်။ သူမ ဝိုင်တစ်ငုံသောက်ရင်း အားလုံးရဲ့အမူအယာကို စောင့်ကြည့်နေလိုက်သည်။ ကြောက်လန့်မှုတွေပြည့်နှက်နေတဲ့မျက်နှာလေးနဲ့ ရှင်းယွင် သူမဆီ မှီလာခဲ့တယ်။ ချူယိတစ်ယောက် သူမထက်တောင်မှ စိုးရိမ်နေလေသည်။ ချူးခုန်း ရောက်လာတဲ့အချိန်မှာ ချူးခုန်း ရှင်းယွင်ကိုသတ်ပစ်မှာကို စိုးရိမ်နေသလိုမျိုး သူ ရှင်းယွင်နံဘေးသို့ တိတ်တိတ်လေး ချဉ်းကပ်သွား၏။ ချူးခုန်းနောက်က အစေခံမလေးတွေအားလုံးဟာလည်း ဒေါသထွက်နေတဲ့အမူအယာနဲ့ဖြစ်သည်။ ချူးခုန်းတစ်ယောက်သာ တည်ငြိမ်နေပုံပေါ်၏။ မေးလေးမော့ရင်း၊ သူ သူမရဲ့ရှေ့မှာ ဂုဏ်ယူဝင့်ကြွားစွာရပ်၏။ သူ့ရဲ့မျက်နှာဟာ အနည်းငယ်ဖြူဖွေးနေခဲ့တယ်။ ကိုယ်ဝန်က သူ့ရဲ့ခန္ဓာကိုယ်ကို အားနည်းစေတာပဲဖြစ်ရမယ်။

သူမ မေးဖျားကိုပွတ်နေလိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ၊ မင်းသမီးနဲ့ စစ်သူကြီးတို့ရဲ့ဇာတ်ကွက်က ဘယ်လိုဖြစ်သင့်လဲ? သူမ ထိုအကြောင်းတွေးရင်း အဖြေမရဘဲ စိုးရိမ်နေခဲ့သည်။ ချူးခုန်း အစပြုပြီး သူမ၏နံဘေးမှာ ထိုင်ချလာခဲ့သည်။ သူ သူမရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ ရှင်းယွင်၏လက်ကို လက်ညှိုးထိုးညွှန်ပြီး ပြော၏၊ “လွှတ်လိုက်”

သူမ(ချူးခုန်း)ရဲ့အသံဟာ မကျယ်ပေမဲ့ အသံအနေအထားက အထက်စီးဆန်လွန်းတာမို့ မနာခံဘဲနေဖို့မဖြစ်နိုင်ခဲ့ဘူး။

ရှင်းယွင်၏လက်လေး မီးစနဲ့ အထိုးခံလိုက်ရသလိုဖြစ်သွား၏။ “ဒုံး”ဆိုတဲ့အသံနဲ့အတူ၊ သူမ ချက်ချင်း ဒူးထောက်လိုက်သည်။ ရှင်းယွင် သူမ(ရှောင်ရှန်းဇီ၊ စစ်သူကြီး)ကိုကြည့်ရင်း မျက်လုံးတွေထဲမှာ မျက်ရည်တွေဝေ့လာတော့သည်။ ဒါက သနားစဖွယ်ကောင်းတဲ့သရုပ်ဖော်မှုလေးတစ်ခုပဲ။

ဒီလိုအခြေအနေမျိုးမှာ စစ်သူကြီးချူ ဘယ်လိုတုန့်ပြန်မလဲ သူမ(ရှောင်ရှန်းဇီ) မသိခဲ့ဘူး၊ ဒါကြောင့် သူမ မျက်နှာပေါ်မှာ ခန့်မှန်းရခက်တဲ့အမူအယာမျိုးနဲ့ စစ်သူကြီးတစ်ယောက်ကဲ့သို့ ခက်ထန်ကြမ်းကြုတ်ပြီး လေးနက်တဲ့အသွင်ယောင်ထားလိုက်သည်။ နောက်ပြီး သူမ ဆက်သောက်နေလိုက်သည်။ ဒါပေါ့၊ ဒီအရှုပ်အထွေးကို ချူးခုန်း ဖြေရှင်းဖို့ သူမ စောင့်စားနေခဲ့တာ။

Love you seven times မြန်မာဘာသာပြန်စဆုံးМесто, где живут истории. Откройте их для себя