အပိုင်း (၃၀)

121 10 0
                                    

Love you seven times
အပိုင်း (၃၀)

ဒင်း ဒန် ဒင်း ဒန်…

မြစ်ကြမ်းပြင်ပေါ်က ကျောက်တုံးပြာကြီးတွေရဲ့အသံဟာ သူမ၏နားတွေထဲမှာ ဆက်လက်မြည်နေခဲ့သည်။

သူမ မျက်လုံးတွေကိုဖွင့်လိုက်တော့ ဓါးသွားတစ်ချောင်းကဲ့သို့ချွန်ထက်နေတဲ့ကျောက်တုံးတစ်ခုက သူမကိုချိန်ရွယ်လို့နေ၏။ ကျောက်တုံးဟာ ပြုတ်ကျပြီး သူမကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်မယ့်အတိုင်းပဲ။ ထိုမြင်ကွင်းကြောင့် သူမ အရမ်းထိတ်လန့်သွားပြီး၊ နှလုံးသားလေး ချက်ချင်းအေးစက်သွားကာ အမူးပြေသွားတော့သည်။ သူမ မြေပြင်ပေါ် ထိုင်ချပစ်လိုက်တယ်။ တဖြည်းဖြည်းချင်း သူမ အသိစိတ်လွတ်မသွားခင်အချိန်လေးကို ပြန်တွေးမိသွား၏၊ မြစ်ထဲပြုတ်ကျကာ ချပ်ဝတ်အချွတ်ခံရပြီး အသက်မျှရှု…

ချူးခုန်း သူမနဲ့အတူ အသက်မျှရှုနေတဲ့အချိန်မှာ သူမ ရှက်ရွံဖို့အချိန်မရှိခဲ့ဘူး။ သူမရဲ့ရွှေချပ်ဝတ်ကြီးကို သူ ချွတ်တဲ့အကြောင်းတွေးမိသွားတဲ့အချိန်မှာ သူမရဲ့နှလုံးသားဟာ နာကျည်းမှုတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။ တကယ်လို့ သူမ ဒီဘေးဒုက္ခကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ရင်၊ ပိုက်ဆံမရှိဘဲ ဘယ်လိုဆက်ပြီး ရှင်သန်နိုင်မှာလဲ?! သူမ ပေါင်နှံစရာအဖိုးတန်ပစ္စည်းနဲ့အတူ ထွက်မပြေးဘူးဆိုရင် တကယ့်ကိုဆိုးရာကျမယ်။ ချူးခုန်းကတော့ ဆင်းရဲခြင်းဒုက္ခကို သတိမပြုမိဘူး။ ကောင်းကင်ဘုံဆီ မပြန်ခင်၊ သူမ စားချင်လျက်နဲ့ မစားနိုင်တော့မယ့်နာကျင်မှုကို သူမ တကယ်ပဲ မခံစားချင်တော့ဘူး။

ဘယ်လောက်တောင် မုန်းဖို့ကောင်းတဲ့အရာပဲဖြစ်ဖြစ်၊ ဘာမှ ဆက်လုပ်မရတော့ဘူး။ ဒီကိစ္စက ဖြစ်ပြီးသွားတဲ့ကိစ္စပဲ၊ ဒါကြောင့် သူမ အခု လက်ခံရတော့မယ်။ သူမ ခေါင်းကိုပွတ်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ဒါက တကယ့်ကိုနက်ရှိုင်းပြီး လူသူကင်းမဲ့တဲ့လိုဏ်ဂူကြီးတစ်ခုပဲ။ သူမ ကြည့်လေရာနေရာတိုင်းမှာ ကျောက်စက်ပန်းဆွဲတွေ တစ်ခုပြီးတစ်ခု ရှိနေခဲ့တယ်… ဒါက တကယ့်ကိုထူးဆန်းတာပဲ မဟုတ်လား? ထူးဆန်းတဲ့ချိန်းကြိုးတစ်ကြိုးက သူမကို မြစ်ဆီဆွဲခေါ်သွားမှန်း သူမ ရှင်းရှင်းလင်းလင်းကြီး မှတ်မိတယ်။ ယခုချိန်မှာ သူမ ဘာကြောင့် ဒီလိုနေရာမျိုးကိုရောက်နေတာလဲ? နောက်ပြီး… ချူးခုန်းကရော ဘယ်မှာလဲ?

Love you seven times မြန်မာဘာသာပြန်စဆုံးOpowieści tętniące życiem. Odkryj je teraz