အပိုင်း (၁၀)

219 25 0
                                    

Love you seven times
အပိုင်း (၁၀)

ဝိဉာဉ်စုဆောင်းသူတွေက သူမကို မြေအောက်ကမ္ဘာဆီ ခေါ်ဆောင်သွားခဲ့ကြသည်။ သူမ နောက်၆ဘဝလုံး လွတ်မြောက်ပြီလို့ပဲ တွေးထားခဲ့တာ။ သူမ သက်ပြင်းရှည်ကြီးချလိုက်တော့သည်။ အမှန်တော့၊ သူမ ကျယ်လောင်စွာ ရယ်မောပစ်ချင်ခဲ့တာ၊ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် သူမ တစ်စက်လေးမှ မရယ်နိုင်ခဲ့ဘူး။ သူမ၏နှုတ်ခမ်းသားတွေပေါ်မှာ လုဟိုင်ခုန်းနှုတ်ခမ်းသားလေးတွေရဲ့အထိအတွေ့လေး ရှိနေတုန်းဖြစ်ပြီး ထိုမှတ်ဉာဏ်က သူမ၏နှလုံးသားကို မချိတင်ကဲဖြစ်စေခဲ့သည်။

သူ(လုဟိုင်ခုန်း) အသက်ရှင်နေတုန်းပဲလေ။ သို့သော် သူမရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်မှာ လုဟိုင်ခုန်းလို့ခေါ်တဲ့အရူးကလေး ထပ်ပြီးရှိတော့မှာမဟုတ်ဘူး။

သူမ မြေအောက်ကမ္ဘာဆီသွားရာလမ်းကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။ သူမအပေါ် ဆုံးရှုံးတဲ့ခံစားချက်ကြီး ပျံ့နှံ့လာတော့သည်။

“မြန်မြန်သွား! မြန်မြန်သွား! မင်း ဘာလို့အရမ်းနှေးနေတာလဲ?! ဒီတစ်ခေါက် မင်း ဘယ်လိုလှည့်စားဖို့ ကြံနေတာလဲ?” တစ္ဆေလေးတစ်ကောင် အသံတိုးတိုးလေးဖြင့် ဟစ်အော်လာလေသည်။ စူးရှတဲ့ သူ့ရဲ့အကြည့်တွေမှာ သံသယတွေပြည့်လို့နေပြီး သူ သူမကို စောင့်ကြည့်နေခဲ့တယ်။

သူမ နှုတ်ခမ်းဆူပြီးပြောလိုက်တော့သည်၊ “မင်း ဘာလို့စိတ်မရှည်ဖြစ်နေတာလဲ? ဒီတစ်ခေါက် ငါ အတိတ်မေ့စွပ်ပြုတ်ကို လိမ်လိမ်မာမာသောက်မှာပါ”

ဒီခံစားချက်တွေကို ခဏတာမျှမေ့လျော့သွားတာဟာလည်း ကောင်းမွန်တဲ့အရာပဲဖြစ်သည်။

ထိုကောင်စုတ်လေး သူမရဲ့စကားကိုကြားတော့ အေးတိအေးစက်ရယ်မော၏၊ “အတိတ်မေ့စွပ်ပြုတ်တဲ့လား? မင်း လူဝင်စားထပ်ဖြစ်ချင်နေတုန်းပဲလား? ပထမဆုံး၊ မင်းရဲ့အပြစ်ကိုပေးဆပ်ဖို့ မြေအောက်ကမ္ဘာမှာ ၈နှစ် ၁၀နှစ်လောက် လိမ်လိမ်မာမာနေရမယ်၊ နောက်မှ ငါတို့ဆက်ပြောကြမယ်လေ”

သူမ ဆိုလိုက်၏၊ “ဘာကိုပေးဆပ်ရမှာလဲ?”

တစ္ဆေငယ်လေးဟာ သူမကို မြေအောက်ကမ္ဘာအတွင်းနက်ထဲထိ ဦးဆောင်ခေါ်သွား၏၊ သို့သော် သူမတို့ တံတားရှိရာအရပ်ဆီမသွားခဲ့ကြဘူး။ (တံတား= ဝိဉာဉ်တွေ အတိတ်မေ့စွပ်ပြုတ်ကိုသောက်ဖို့ အလှည့်ကျစောင့်ဆိုင်းနေတဲ့နေရာ၊ နောက်ပြီး တံတားကိုဖြတ်ပြီးမှ ပြန်လည်ဝင်စားလို့ရမယ်)

Love you seven times မြန်မာဘာသာပြန်စဆုံးWo Geschichten leben. Entdecke jetzt