အပိုင်း (၂၇)

125 12 0
                                    

Love you seven times
အပိုင်း (၂၇)

သူမ ချူးခုန်းအိပ်ရာဘေးမှာ ၃ရက်နဲ့ ၃ညလုံး စောင့်နေခဲ့တယ်။ မာနကြီးလွန်းတဲ့ချူးခုန်းတစ်ယောက် ဒီလောက်ထိအားအင်ချည့်နဲ့ပြီး ဖြူဖျော့နေတာကို သူမ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ယခုချိန်မှာ သူ အမျိုးသမီးတစ်ယောက် ဖြစ်နေတာတောင်မှ၊ သူမ ဒါကို ကျင့်သားမရနိုင်သေးဘူး။ အိပ်ရာပေါ်မှာ အေးဆေးတည်ငြိမ်စွာ လဲလျောင်းနေတဲ့သူ့ကို လူတွေကြည့်နေကြတော့… သူ လုဟိုင်ခုန်းအဖြစ်ရှိတဲ့ အချိန်တုန်းကအကြောင်း သူမ ပြန်တွေးမိသွား၏။

လက်ရှိမှာ သူ အမျိုးသမီးတစ်ယောက် ဖြစ်နေတာတောင်မှ… အရမ်းကိုသန်မာလွန်းတယ်၊ သို့သော် သူမနဲ့အတူရှိတဲ့အချိန်မှသာ သူ့ရဲ့စိတ်ကိုဒုံးဒုံးချတာမို့ အရမ်းလည်းနုနယ်လွန်း၏။ သူ သွေးတွေစီးကျနေတာကို မြင်လိုက်ရတဲ့အချိန်မှာ သူမ ထိတ်လန့်သွားလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့မိဘူး။ ကောင်းကင်ကြီးပြိုကျသွားသလိုမျိုး ခံစားလိုက်ရသည်။ တစ်ဘက်လူက အမျိုးသမီးတစ်ယောက်ဖြစ်နေတာတောင်မှ… ဒီလိုထူးဆန်းတဲ့ခံစားချက်မျိုး သူမ ပထမဆုံးအကြိမ်ခံစားဖူးတာဖြစ်သည်။

သူမ မျက်နှာကိုလက်နဲ့အုပ်ပြီး သက်ပြင်းမိသွား၏။ အိပ်ရာပေါ်မှာ ၃ရက်လုံးစန့်စန့်ကြီး လဲလျောင်းနေတဲ့လူဟာ သူမ,ပြောနေတာကိုကြားတဲ့အတိုင်း၊ တစ်စက်မှလှုပ်မလာဘဲ ရုတ်ချည်း ညည်းတွားလာခဲ့သည်။ သူမ ထိတ်လန့်သွားပြီး ချက်ချင်း သူ့ရဲ့ဦးခေါင်းဆီတိုးကပ်သွားကာ နူးညံ့ပျော့ပြောင်းစွာ ပြောလိုက်သည်၊ “ချူးခုန်း၊ မင်းသမီးခုန်း? နိုးလာပြီလား?”

သူ့ရဲ့မျက်ခွံလေးတွေ လှုပ်ရှားလာပြီး၊ မျက်လုံးတွေကို ခက်ခက်ခဲခဲ ကြိုးစားဖွင့်၏။ သူမ သူ့ကို စူးစိုက်ကြည့်ရင်း၊ သူ နောက်တစ်ခေါက်သတိလစ်မေ့မြောသွားမှာကို စိုးရိမ်နေမိ၏။

ချူးခုန်း မျက်မှောင်ကြုတ်ပြီး သူမကို ခဏမျှပြန်ပြီးစူးစိုက်ကြည့်လာတယ်။ ရုတ်ချည်း သူ့ရဲ့မျက်လုံးတွေ နောက်တစ်ခေါက် ပြန်ပိတ်သွား၏။ သူမ၏နှလုံးသားလေး စိုးထိတ်သွားတော့သည်။ ခုနတုန်းက သူ့ရဲ့နောက်ဆုံးခွန်အားကိုသုံးပြီး သူမကိုလှမ်းကြည့်လိုက်တာလား? မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး! ဒါ  မဖြစ်နိုင်ဘူး! သူ့ရဲ့ပိတ်သွားနှင့်ပြီဖြစ်တဲ့မျက်ခွံတွေကို သူမ လက်ချောင်းတွေနဲ့ ထိုးကလော်ဖွင့်လိုက်တယ်။ သူ့ရဲ့မျက်ဖြူစတွေကိုမြင်တော့ သူမ ဟစ်အော်ပစ်လိုက်သည်၊ “မဟုတ်ဘူး! မဟုတ်ဘူး! မသေရဘူး!”

Love you seven times မြန်မာဘာသာပြန်စဆုံးOù les histoires vivent. Découvrez maintenant