အပိုင်း (၂၃)

173 16 0
                                    

Love you seven times
အပိုင်း (၂၃)

သူမရဲ့နှလုံးသားလေး ကွဲကြေသွားသလိုခံစားလိုက်ရသည်။ ဒါက သူမ ယခင်ပြန်လည်ဝင်စားခြင်းတွေမှာ မတွေ့ကြုံဖူးတဲ့ဖြစ်စဉ်တစ်ခုပဲ ဖြစ်သည်။ ဖြစ်နိုင်တာက... ဒီဘဝမှာ သူမ နှလုံးရောဂါ ခံစားနေရတာလား? သခင်လေးကိုလိုက်ဖမ်းဖို့ကြိုးစားရုန်းကန်နေတဲ့ နာမကျန်းသောအမျိုးသမီးတစ်ဦး နောက်ဆုံးတော့ နှလုံးရောဂါနဲ့ သေသွားတယ်။ ဒီဇာတ်ကွက်လေး သူမရဲ့စိတ်ထဲ ဖြတ်ခနဲပေါ်လာခဲ့သည်။

သူမ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ လှပစွာထွင်းထုထားတဲ့နှင်းဆီသားအိပ်ရာတစ်လုံးကို တွေ့လိုက်ရတယ်။ ကြည့်ရတာ သူမ ချမ်းသာတဲ့မိသားစုထဲ ပြန်ဝင်စားခဲ့တဲ့ပုံပဲ။ နောက်တော့ သူမ ရွှေချည်တွေနဲ့ ဖီးနစ်ဌက်ပုံစံ ဝင့်ဝင့်ကြွားကြွားပန်းထိုးချုပ်လုပ်ထားတဲ့ အိပ်ရာဝင်အင်္ကျီကို သတိထားမိသွား၏။ အာ... ဒီတစ်ခေါက် သူမ တော်ဝင်မိသားစုထဲ ပြန်ဝင်စားလာတာ ဖြစ်ဖို့များတယ်။

သူမ၏ရင်အုံထဲကနာကျင်မှုလေး ပို၍ပြင်းထန်လာခဲ့သည်။ နောက်ဆုံး သူမ အောင့်မထားနိုင်တော့ဘဲ နာကျင်မှုသက်သာသွားစေဖို့ မျှော်မှန်းရင်း ရင်အုံကိုထိကြည့်လိုက်တော့သည်။ သူမ တွေ့ရှိခဲ့တဲ့အရာကို ဘယ်သူမျှော်မှန်းမိနိုင်မှာလဲ? အံ့အားသင့်သွားပြီး၊ သူမ ပင့်သက်ရှိုက်ရှုကာ အောက်သို့ငုံ့ကြည့်လိုက်တယ်။

သူမရဲ့ရင်အုံမှာ ချွန်ထက်တဲ့ဓါးမြောင်တစ်ချောင်း စိုက်ဝင်နေခဲ့တယ်! သူမကို ပိုပြီးထိတ်လန့်သွားစေတာကတော့ သူမရင်အုံရဲ့အခြေအနေပဲဖြစ်သည်။ ရင်အုံကြီးက ဘာလို့ ဒီလောက်ပြားချပ်နေတာလဲ? ဒီလက်ကရော ဘာလို့အရမ်းကြီးနေတာလဲ? အသားမာတွေတောင် တက်လို့နေ၏၊ ဖြူဖွေးနူးညံ့တဲ့သူမရဲ့လက်လေး ဘယ်ရောက်သွားတာလဲ? ဒါက လူကြမ်းကြီးတစ်ယောက်ရဲ့လက်မှန်း သိသာလှ၏!

သူမ ရုန်းကန်ပြီးကုန်းရုံးထလိုက်တယ်။ ရင်အုံထဲက စူးရှတဲ့နာကျင်မှုဟာ သူမကို နောက်တစ်ခေါက် သိအောင်လုပ်နေတော့သည်။ သူမ သွေးတွေအများကြီး ထွက်ထားတာမို့ ခေါင်းမူးသွား၏။ သူမ ပြန်လည်ဝင်စားပြီးခါစလေးတင် သေရတော့မှာလား?

Love you seven times မြန်မာဘာသာပြန်စဆုံးOnde histórias criam vida. Descubra agora