part_1

13K 426 34
                                    

“ bam bam Lisa မလာသေးဘူးလား ”
စီးပွားရေးတက္ကသိုလ်ကျောင်းဝန်းကြီးထဲတွင်ကျောင်းသား/ကျောင်းသူတွေအများအပြားထဲမှာမှ ကောင်လေးတွေကြားမှာရော ကောင်မလေးတွေကြားမှာပါရေပန်းစားတဲ့ Lisa တို့အဖွဲ့..... အဖွဲ့ဆိုပေမယ့်ကောင်မလေးတွေရာကောင်လေးတေပါအကြိုက်အများဆုံးကတော့ lalisa manoban ပင် သူကတော့သူ့ကိုလိုက်တဲ့သူတွေအကုန်လုံးဂရုပင်မစိုက် ချေတာမဟုတ်ပဲပုံမှန်တိုင်းပဲနေတတ်သည်မှာ သူ့စတိုင်...။ bam bam Chaeyoung Lisa တို့ကတော့သူငယ်ချင်းတွေ အခုလည်း Lisa မလာသေးသောကြောင့် bam bam ကို Chaeyoung မေးလိုက်ခြင်းဖြစ်သည်။ Lisa ကတော့သူ့ကိုသူ lesbian လို့ကြောငြာထားခြင်းကြောင့် ကျောင်းကကောင်မလေးတွေသည်းသည်းလှုပ်။ကောင်းလေးတွေကတော့အသည်းကွဲယုံပေါ့။

“ ထုံးစံတိုင်းအိပ်ယာထနောက်ကျနေတာပဲဖြစ်မှာပေါ့ ”

“ ဟော အသက်ရှည်အုံးမယ် ”
Bam bam အပြောကြောင့် Chaeyoung လှမ်းကြည့်တော့ ဆိုင်ကယ်အကြီးကြီးစီးပြီးကျောင်းထဲဝင်လာတဲ့ Lisa မိုးထိုးနေတဲ့သူ့အရပ်နဲ့ဆိုင်ကယ်စီးတာမိမိုက်နေရော။

“ ဟေး ငါ့ကိုမျှော်နေကြတာလား ”

“ အေးပေါ့ဟ ”
Lisa အမေးကို bam bam ကဖြေလိုက်တယ်။

“ sorry ငါအိပ်ယာထနောက်ကျသွားလို့ ”

“ ထင်သားပဲနင်အိပ်ပုတ်မှန်းသိတယ်ပြောမနေနဲ့ ”
Chaeyoung အပြောကြောင့် Lisa ခပ်ဟဟရယ်လိုက်တယ်။

“ ဒီနေ့အတန်းလစ်ကြမလား ”
Bam bam ပြောလိုက်တာကြောင့် Lisa နဲ့ Chaeyoung မျက်ခုံးပင့်လိုက်တယ်။

“ bam bam နင်တစ်ချိန်လုံးဒါပဲတွေးနေ ပြင်စမ်းပါအဲ့အကျင့်စာကိုကောင်းကောင်းလုပ် ”
Lisa အပြောကြောင့် bam bam နှာခေါင်းရှုံ့လိုက်တယ်။ Chaeyoung ကတော့ဘာမှဝင်မပြော။

“ ပြီးရောလေ ဒါဆို မနက်စာသွားစားကြစို့ဗိုက်ဆာပြီ ”
Bam bam အပြောကြောင့်သူတို့သူငယ်ချင်းသုံးယောက်ကန်တင်းကိုသွားပြီးဆာနေတဲ့ဗိုက်ကိုဖြည့်လိုက်ကြတယ်။


---
“ unnie ပင်ပန်းနေပြီလားဒီနေ့တော့နားကိုမနားရသေးဘူးနော် ”

“ ဟုတ်ပ somi ရယ်လူနာတွေကပျက်ကိုမပျက်ဘူး ”
စီးပွားရေးမှာ top 10 ဝင် Kim group ကသမီးငယ် Kim Jennie Ruby Jane သူ့မအသက်ကတော့ 29 မိဘတွေရဲ့စီးပွားရေးကိုစိတ်မဝင်စားပဲ‌ကျောင်းပြီးတော့ သူမစိတ်ဝင်စားတဲ့ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ထားတဲ့တော်ပြီးထက်မြတ်တဲ့သူတစ်ယောက်။ သူမ အမတော့ Kim jisoo ပင်လက်ရှိ Kim group ကိုဦးစီးနေတဲ့ CEO။သူ့ညီမ ကိုတုန်နေအောင်ချစ်သည်။ somi ဆိုတာကတော့ သူ့ကိုကူရအောင်ခေါ်ထားတဲ့ Nurse မလေး။တကယ်ပင်အားကိုးရတဲ့ကောင်မလေးတစ်ယောက်။

Mg's Ruby Where stories live. Discover now