နွေမိုးဆောင်း အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ lalisa manoban နဲ့ Jennie Kim တို့ရဲ့အချစ်တွေကတော့ပိုခိုင်မြဲ...ပိုအချစ်တွေတိုးလာမြဲပဲ။
ဒီကြားထဲသူတို့ ကလေး ယူဖို့တိုင်ပင်ခဲ့ကြဖူးတယ်။မောင် ကစောပါသေးတယ်ဆိုလို့ ကျမ မှာ မောင် အဆင်သင့်ဖြစ်မှယူမယ်လို့ပဲစိတ်ကူးလိုက်တယ်။အခုလည်း ကိုယ်တော်ကအိပ်ယာဝင်ခါနီးထိအလုပ်တွေမပြီးသေး ကျမ ဖြင့်အိပ်ချင်နေပြီ။" မောင် "
နုနုညံ့ညံ့လေး။Lisa မပြီးပျက်သေးတဲ့အလုပ်တွေလုပ်နေတုန်း မောင် လို့ခေါ်လာတဲ့အသံလေးကြောင့်လှည့်ကြည့်လိုက်တော့လက်သေးသေးလေးနဲ့သူမရဲ့မျက်လုံးတွေကိုပွတ်နေတဲ့ အသည်းအသက်ကလေး။ဒူးလောက်ပဲရှိတဲ့ဂါဝန်အဝါလေးကိုဝတ်ထားတဲ့အသည်းယားစရာလေး။
" ဗျာ့....ဗျာ့ "
သူထူးလိုက်တော့သူမလေးကနှုတ်ခမ်းလေးဆူပြီးသူ့ကိုကြည့်လာတယ်။
" အိပ်ချင်ပြီ မောင့် အလုပ်တွေကမပြီးသေးဘူးလား "
" နည်းနည်းပဲကျန်တော့တာ။ဒါပေမယ့်
မောင့် အသဲလေး ကအိပ်ချင်နေပြီဆိုတော့ မောင် ကချော့သိပ်မှာပေါ့ "သူ ကုတင်ပေါ်အလျှင်အမြန်သွားလိုက်တယ်။သူမလေး ကအဲ့လိုပဲ သူ ချော့သိပ်မှအိပ်တာ။
" ချီ "
" ဟင် "
" ချီလို့ "
နှုတ်ခမ်းလေးတဆူဆူနဲ့သူ့ကိုချီခိုင်းနေသည်မှာကလေးလေးတစ်ယောက်အလား။သူ ကုတင်ပေါ်ကဆင်းလိုက်ကာ သူမလေး ကိုချီလိုက်တယ်။
သူ့ခါးထက်မှတွယ်ချိတ်လာတဲ့ခြေထောက်သေးသေးလေးတွေ။လည်တိုင်မှာဖက်တွယ်လာတဲ့လက်သေးသေးလေးတွေ။" ချီပြီးချော့သိပ်ရမှာလား မောင် က "
" အွမ်း။ပြီးရင် မောင် ပါတစ်ခါထဲအိပ် "
" ဟုတ်ပါပြီရှင်။ Ni သဘော "
Ni ni ဟုတ်ပ သူ အမြတ်တနိုးခေါ်တဲ့နာမည်လေး။ သူမလေး ကလည်းအဲ့နာမည်လေးကိုသိပ်ကိုသဘောကျပါတယ်တဲ့လေ။
ဝရန်တာဘက်ကိုထွက်ပြီးခေါင်းလေးကိုပွတ်သပ်ကာဟိုလျှောက်ဒီလျှောက်သီချင်းလေးဆိုပြီးချော့သိပ်လိုက်တော့မကြာပါဘူးအိပ်ပျော်သွားတယ်။ အခန်းထဲပြန်ဝင်လာကာကုတင်ပေါ်ငြင်ငြင်သာသာလေးချပေးလိုက်တော့ အင်းအင်းအဲအဲနဲ့ သူ့ လည်တိုင်တွေကိုမလွတ်ပေးပဲဖက်တွယ်ထားပြန်တယ်။
သူပါဘေးမှာဝင်လှဲလိုက်တော့ ရင်ခွင်ထဲတိုးဝင်လာတဲ့ ကလေးပေါက်စလေး။နဖူးလေးကိုညင်ညင်သာသာလေးနမ်းလိုက်တော့သူမ နှုတ်ခမ်းလေးထက်မှာအပြုံးလေးတစ်ခုဖြစ်ပေါ်လာတယ်။