“ Morning အချစ်လေး 😘 ကိုယ် နိုးပြီနော် အိပ်နေတုန်းလားညကကောင်းကောင်းအိပ်ပျော်ရဲ့လား ” 💬
Jen မနက်အိပ်ယာကနိုးတော့ ဘေးခုံမှာတင်ထားတဲ့ဖုန်းလေးကိုယူကြည့်လိုက်ကာကောင်ဇိုးလေးပို့ထားတဲ့ message ကြောင့် Jen ပြုံးလိုက်မိတယ်။အားး ရှက်လိုက်တာနော်။ညကအဖြေမပေးရင်မပြန်ဘူးအတင်းလုပ်နေတာကြောင့် Jen အဖြေပြန်ပေးလိုက်ရတယ်။လူကိုအဖြေမပေးမချင်းဖက်ထားလိုက်တာများသိပ်အသားယူလွန်းတဲ့သူ။သူပို့ထားတာ 7:00 AM ဆိုတော့အစောထတတ်တာထင်တယ်။
“ အွန်း။ခုနိုးပြီ ”💬
Jen message ပို့လိုက်တော့ သူကချက်ချင်းပဲစာပြန်လာတယ်။
“ ကိုယ်...ဖုန်းခေါ်လိုက်ရမလား ” 💬
“ ဟင့်အင်း။ကျမ အိပ်ချင်နေသေးတယ် ” 💬
Jen လှဲနေရင်းပက်လက်အနေအထားကနေဘေးလေးကိုစောင်းလိုက်တယ်။မျက်နှာပူလိုက်တာချစ်သူလိုစကားပြောနေရတာ။
“ ဟုတ်လား။အိပ်ရေးမဝဘူးပေါ့ ” 💬
“ အွန်။ဘာလုပ်နေတာလဲ ban အစောကြီးနိုးတာလား ” 💬
Jen ဒီလိုတစ်ခါမှဘယ်သူနဲ့မှအပြန်အလှန် message မပို့ဖူးသေးဘူး။ကျမ ရဲ့လူသားလေးကပထမဆုံးပဲ။
“ အင်း။အစောထတာလေ ကိုယ် က။အခုကကော်ဖီသောက်နေတာ ” 💬
“ ဟီး။ဟုတ်လား။ဒါဆို ကျမ ကအိပ်ပုတ်နေတာပေါ့ ” 💬
ကျမ ရှက်ပြုံးလေးပြုံးလိုက်ကာစာထပ်ပို့လိုက်တယ်။
“ မဟုတ်တာ အချစ် ကညက ကိုယ့် ကြောင့်အိပ်ရေးပျက်ထားတယ်လေ။အဲ့တာကြောင့်ပါ ” 💬
“ ban နော် ” 💬
Jen နှုတ်ခမ်းလေးဆူလိုက်တယ်။လူကိုများ ‘ အချစ် ’ တဲ့သူထက်အငယ်များထင်နေလားမသိ။
“ ဟဟ။ကဲပါ နိုးရင်လဲထတော့နော်။ အချစ် ရေချိုးပြီးမနက်စာလေးအရင်စား ” 💬
“ စားဘူး ” 💬
Jen ပို့ပြီးကုတင်ပေါ်ကပြေးဆင်းကာရေချိုးခန်းထဲတန်းနေအောင်ပြေးသွားတယ်။
“ ဟာ။မစားရင်အခု အချစ် အိမ်ကိုလိုက်လာမှာ ” 💬
အဟင်းး။စာမပြန်တော့ဘူးဘယ်ရောက်သွားတာလဲမသိဘူး။ Lisa သဘောကျစွာပြုံးလိုက်တယ်။သူရဲ့တဇွတ်ထိုးမှုကြောင့်ညကအဖြေရလိုက်တယ်။ခုထိတောင်မယုံနိုင်ဘူး။အဟဲ။
