part_11

4.4K 291 35
                                    

“ doctor ”

“ ဟင် ”

Jen ဝယ်ရမယ့်ဆေးတွေစစ်နေတုန်း somi ခေါ်သံကြောင့်ထူးလိုက်တယ်။

“ ပြောလေ somi တို့ကိုတစ်ခုခုပြောစရာရှိလို့လား ”

“ ဟုတ်။အခုတလော doctor အရမ်းပြုံးနေလို့လေ။အပြုံးတွေကအရင်ကထက်ပိုပြီးအသက်ဝင်လာတယ်။ဟီးး။အဲ့တာကြောင့်မေးကြည့်တာ ”

Somi အပြောကြောင့် Jen ခပ်ဖွဖွလေးပြုံးမိတယ်။ဟုတ်တော့လည်းဟုတ်သည် သူ နဲ့တွဲပြီးထဲကအရင်က Jennie နဲ့မတူတော့အချိန်ပြည့်ကိုပြုံးနေမိတာ။ပြုံးမှာပေါ့လေကောင်းဇိုးလေးကရိသဲ့သဲ့တွေလုပ်တာကို။လူကိုယ်တိုင်လာမတွေ့ရရင် message တွေ့ပို့ပြီးကြည်စယ်နေတာ။အာ့တော့ဒီကပြုံးမိတာပေါ့။

“ အဟင်းး။ဒီလိုပါပဲ somi ရယ်ပြုံးစရာလေးရှိလို့ပေါ့ ”

“ ဟီး။အဲ့လိုလေးအမြဲတမ်းပြုံးနေရင် doctor ကသိပ်ချစ်ဖို့ကောင်းတယ် ”

ဒီစကားကိုကောင်ဇိုးလေးသာကြားရင်မျက်မှောင်ကြီးကျုံ့အုံးမယ်။သူကအဲ့လိုသိပ်သဝန်တိုတာ။တစ်ခုခုအလိုမကျရင်လဲပါးစောင်းကိုလျှာနဲ့ထိုးသေးတာ။ဂျစ်ကန်ကန်လေး။

“ ကျေးဇူးပါရှင် ”

“ ဒီနေ့ Lisa ကိုမတွေ့ရသေးပါဘူး။အရင်နေ့ကဆို နေ့လည်စာစားချိန်အစောရောက်နေကျ ”

somi ပြောလိုက်တာကြောင့် Jen လက်ကနာရီကိုတစ်ချက်ကြည့်လိုက်မိတယ်။ဘာလို့မလာသေးတာပါလိမ့်ဒီမနက်အိပ်ယာနိုးတည်းကတစ်ခါပဲဖုန်းပြောရသေးတယ်။ဖုန်းလည်းမဆက်ဘူး။

“ အွန်း။ဘာလို့လဲမသိဘူး။အော် somi တို့လည်းနေ့လည်စာသွားစားကြတော့လေ။နောက်ကျနေမယ် ”

“ Nae... Doctor စားဖို့ပို့ခိုင်းလိုက်ရမလား doctor ”

“ arr..ရတယ်။တို့ Lisa လာမှပဲစားလိုက်တော့မယ် ”

“ Nae...ဒါဆိုသွားလိုက်ပါအုံးမယ် doctor ”

“ ကောင်းပြီ ”

------

“ အမလေး။နောက်ကျနေပြီအမြန်မောင်းမှ ချီးး သောက်ရေးထဲဆိုမီးပွိုင့်ကမိပြန်ပြီ ”

Mg's Ruby Where stories live. Discover now