part_24

4.6K 261 38
                                    

“ ဖြည်းဖြည်း။ဖြည်းဖြည်းဆင်း ni ”

“ သိပ်ပိုတာပဲ ”

“ ပိုရမယ်လေ ဟဲဟဲ ”
Lalisa မျက်နှာကမျောက်အုန်းသီးရထားတဲ့မျက်နှာနဲ့ Jen ကတော့ Lisa ရဲ့အပြုအမူကြောင့်မျက်စောင်းတွေကြီးပိတ်ထိုးနေတယ်။ရှင်တို့ရောဘယ်ဖြစ်လို့ထင်ကြလဲ။သူသိပ်အကဲပိုနေတာကိုလေ။

“ ဒီနေ့ကစပြီး မောင့် မိန်းမလေးကဘာအလုပ်မှမလုပ်ရတော့ဘူးနော်။ကြားရဲ့လား ”

“ ဒါဆိုရှင့်ကိုဘယ်သူချက်ကျွေးမှာလဲ။ခုမှကိုယ်ဝန်ကနှစ်ပတ်ပဲရှိပါသေးတယ်။ကိုယ်တော်ရယ် ”
ဟုတ်ပါတယ်။မနက်အိပ်ယာနိုးတည်းက ကျမ နေလို့မကောင်းဖြစ်နေတာခေါင်းမူးပြီးအန်တော့တာပဲ။ပြီးတော့ဟုတ်တိပတ်တိအန်တာမျိုးမဟုတ်။သူကစိတ်ပူပြီးဆေးရုံလိုက်ပို့ပါလေရော။ဟိုရောက်တော့ဆရာဝန်က ကိုယ်ဝန်ရှိနေပြီပြောတော့သူရောကျမရောမယုံနိုင်ဖြစ်ခဲ့ရတယ်။ဘာအကူအညီမှမပါပဲကျမတို့နှစ်ယောက်ရဲ့သွေးသားနဲ့တည်ဆောက်ထားတဲ့ကလေးလေး လေ။သူကတော့သိပ်ကိုပျော်နေတော့ပါပဲ။

“ အဲ့တာကအရေးမကြီးပါဘူး မိန်းမ ရယ်။အာ ဖေဖေ တို့ကိုဖုန်းဆက်ပြောလိုက်အုံးလေ။သိပ်ကိုဝမ်းသာနေမှာ ”
Jen ကတော့ Lisa ကိုကြည့်ပြီးပြုံးပဲပြုံးနေတော့တယ်။သူအရမ်းပျော်နေတာ။ကျမ ကလည်းသူပျော်ရွှင်နေတာကိုကြည့်ပြီးသိပ်ဝမ်းသာမိတယ်။မောင့် ပျော်ရွှင်မူကလည်းသူမရဲ့ပျော်ရွှင်မှုပဲလေ။

အိမ်တော်ကြီးထဲကိုအပြိုင်ဝင်လာတဲ့ကားနှစ်စီး။အလျှင်လိုနေကြတဲ့သူတွေလို။ပြီးတော့ကားပေါ်ကအမြန်ဆင်းကာ အိမ်ထဲရောင်ဖို့အရေးမပြေးရုံမယ်ဝင်သွားကြတယ်။

“ ဘယ်မလဲ။ဘယ်မလဲ ငါ့သမီးတွေ ဖေဖေ တို့ရောက်ပြီနော် ”
အိမ်ထဲရောက်တော့ဟိုကြည့်ဒီကြည့်ဖြင့်အော်နေတဲ့ Mr.kim ကျန်တဲ့သူတွေကလည်း Lisa တို့ကိုလိုက်ရှာနေကြတယ်။

“ li တို့ဧည့်ခန်းမှာပါ ”
Lisa အော်လိုက်တော့ဧည့်ခန်းကိုအပြေးလေးရောက်လာကြတယ်။ပြီးတော့ဆိုဖာပေါ်မှာကိုယ်စီကိုယ်စီဝင်ထိုင်လိုက်ကြတယ်။

“ ကြားရတာကတကယ်လား။ငါ့သမီးလေးနေရထိုင်ရတာရောအဆင်ပြေရဲ့လား ”
ပြာယာပြာယာမေးနေကြတဲ့တစ်ယောက်ချင်းစီတိုင်းကို Jen တို့ကပြုံးပြီးသာကြည့်နေကြတယ်။

Mg's Ruby Where stories live. Discover now