part_2

3.9K 338 23
                                    

“ ငါတို့နောက်တစ်နှစ်ဆိုရင်ကျောင်းပြီးတော့မယ်နော် ”
Lisa တို့အဖွဲ့ကန်တင်းမှာထိုင်းနေတုန်း Chaeyoung ကစကားစလိုက်တယ်။ Lisa ကတော့ဂိမ်းထိုင်ဆော့လို့။bam bam ကတော့ တစ်နေရာကိုငေးကြည့်နေရဲ့။ Chaeyoung စကားကို bam bam ကတော့ဂရုစိုက်ပေမယ့် Lisa ကတော့ပြောနေတယ်လို့တောင်မထင် သူ ဂိမ်းသူအသည်းအသန်ဆော့နေတာ။

“ yarr lalisa!! ”

“ ဟဲ့ လန့်ထှာဖြေးဖြေးအော်ပါဟယ် ”
Bam bam ပြောလိုက်တာကြောင့် Lisa ရော Chaeyoung ပါ bam bam စိုက်ကြည့်လာတယ်။

“ ဟဲ့ နှစ်ယောက် ဘာကြည့်နေကြတာလဲ မသိရင် ငါ ကရုပ်ရှင်မင်းသားကြနေတာပဲ ”

“ နင်ခုနကဘယ်လိုအသံကြီးနဲ့ပြောလိုက်တာလဲ ”

“ ပုံမှန်ပဲလေ ဘာထူးဆန်းလို့လဲ ”
Lisa ဆော့နေတဲ့ဂိမ်းကိုရပ်လိုက်ကာဖုန်းကိုလွယ်ထားတဲ့အိတ်ထဲထည့်လိုက်တယ်။ Chaeyoung ကတော့ သူ့လက်ထဲမှာကိုင်ထားတဲ့အအေးဘူးကိုမော့သောက်နေလိုက်တယ်။

“ ယောကျာ်းအသံနဲ့ပြောစမ်းပါ။မသိရင်အခြောက်လိုပဲနင့်အသံက။ ”
Lisa ပြောလိုက်တာကြောင့် bam bam မျက်မှောင်းကြီးကြုတ်လိုက်တယ်။

“ ငါလည်းညည်းတို့နဲ့ပေါင်းပြီးဒီလိုအသံဖြစ်သွားတာလေ။မသိတာလား ”

“ ဖြစ်ရလေ။ငါနဲ့လီဆာ နင့်လိုကြီးတစ်ခါမှမပြောဖူးပါဘူး ”
Chaeyoung ကကုန်သွားတဲ့အအေးဘူးကို‌ဘေးမှာရှိတဲ့အမှိုက်ပုံးထဲကိုထည့်ရင်းပြောလိုက်တယ်။

“ ဟုတ်ပ။ park Chaeyoung ပြောတာမှန်တယ်။နင် gay နေတာလား bam bam ”
Lisa ဘေးနားမှာထိုင်နေတဲ့ bam bam ကိုကြည့်ပြီးပြောလိုက်တယ်။

“ ဖြစ်စရာလား။အဖြောင့်ကြီးပါနော် ”
Bam bam Lisa ကိုမျက်စောင်းထိုးပြီးပြောလိုက်တယ်။

“ ဒီအတန်းချိန်ပြီးရင် ငါတို့မုန့်သွားစားကြမလား ”
Chaeyoung ကသူတို့စကားဝိုင်းထဲဝင်ပြောလိုက်တယ်။

“ နင့် ကြည့်ရတာအသည်းကွဲနေသလိုပဲ park Chaeyoung ”

“ ဘာရယ်။ ငါက အသည်းကွဲတယ် ”
သူ့ကိုသူလက်ညှိုးထိုးပြီးပြောလိုက်တဲ့ Chaeyoung။

“ ဟုတ်တယ်လေ။တမှိုင်မှိုင်တထွေထွေနဲ့အသည်းကွဲတာကြနေတာပဲ။ဟုတ်တယ်မလား Lisa ”
Bam bam Lisa ဘက်ကိုပါလှည့်ပြီးပြောလိုက်တယ်။ Lisa ကတော့မသိဘူးလေဆိုတဲ့စတိုင်နဲ့ပခုံးတွန့်ပြတယ်။ Chaeyoung ကတကယ်ချစ်ဖို့ကောင်းတယ်။သူမ ရဲ့ပါးဖောင်းဖောင်းလေးတွေနဲ့အရပ်အမောင်းအသံလေးကအစအကုန် perfect ။သူ့လိုလူမျိုးကအသည်းကွဲနေတယ်ဆိုတာတော့မဖြစ်နိုင်။ bam bam ရူးနေလို့ပြောတာပဲဖြစ်မယ်။

Mg's Ruby Where stories live. Discover now