“ အမယ် ငါ့ သူငယ်ချင်းကြီးကခန့်ချောကြီးပါကွ ”
Hotel တစ်ခုရဲ့အခန်းတစ်ခန်းထဲအသံ။သူငယ်ချင်းနှစ်ယောက်သားလက်ထက်တော့မယ့် သူငယ်ချင်း တစ်ယောက်ကိုကြည့်ပြီးချီးကျူးနေခြင်း။“ ငါပဲလေဒီလောက်တော့ရှိမှာပေါ့။ဒါနဲ့ Chaeyoung မ ရောပြင်လို့ပြီးပြီတဲ့လား။ငါသွားတွေ့လို့မရဘူးလားဟင် ”
“ ဟဟ Lisa yarr....အာ့လောက်ကြီးလည်းဖြစ်မနေပါနဲ့။ပြီးရင်လည်းတွေ့ရမှာပါကို ပိုကိုပိုလွန်းတယ် ”
“ အေး Chaeyoung ပြောတာမှန်တယ် ”
Bam Bam ကပါဝင်ပြောတော့ Lisa လည်ပင်းကိုလက်နဲ့ပွတ်လိုက်တယ်။“ Lisa စောစောစီးစီးအိမ်ထောင်ကျသွားတဲ့ခံစားချက်ကဘယ်လိုလဲ ”
Chaeyoung Lisa ကိုမေးလိုက်တယ်။
“ ပုံမှန်ပါပဲ ငါကတော့စောတာတေဘာတေမသိဘူး။ငါချစ်တဲ့သူနဲ့လက်ထက်ရတာပဲပျော်တာပေါ့ ”
“ နင်အိမ်ထောင်တစ်ခုကိုကောင်းကောင်းတည်ဆောက်နိုင်မယ်လို့ကောထင်လား ”
“ အင်း သူ့အလိုလိုဖြစ်သွားမှာပဲ ခက်ခက်ခဲခဲကြီးမှမဟုတ်တာ ”
“ အင်း ကြိုးစားပေါ့။ညကျရင်တော့ငါတို့ကိုတစ်ဝိုင်းသက်သက်လုပ်ပေးရမယ်နော် ”
“ ဘာဆိုင်လို့လုပ်ပေးရမှာလဲ။အခုဒီမှာကျွေးတာအဝစား ”
“ yarr....!! ”
------
“ ငါ့ညီမလေးတောင်ဘာလိုလိုနဲ့အိမ်ထောင်ကျတော့မှာပဲ ”
Jen အလှပြင်တာကိုဘေးမှာထိုင်ကြည့်ပြီးပြောနေတဲ့ jisoo ။ Jen ရှက်ပြုံးလေးပြုံးလိုက်တယ်။“ ဟီးး။ မမ လည်းစဉ်းစားသင့်ပြီနော်ဒီအသက်အရွယ်ထိရောက်နေပြီ။တော်ကြာ Chae လေးနောက်တစ်ယောက်ရသွားအုံးမယ် ”
Jen အပြောကြောင့် jisoo ရယ်လိုက်တယ်။“ အို ပြောင်းစမ်းပါစေကွယ်။သူတောင်ပြောင်းနိုင်သေးရင်ပြောင်းပေါ့ ”
“ မမ ကတော့လေ ”
-----
ခနကြာတော့သူကနေရာအရင်ယူလိုက်တယ်။သာယာငြိမ်းညောင်းတဲ့အသံနဲ့အတူလှပတဲ့အမျိုးသမီးလေးကသူ့ဆီတစ်လှမ်းချင်းလျှောက်လာတယ်။သူမြတ်နိုးမှု့အပြည့်နဲ့စိုက်ကြည့်နေမိတယ်။နတ်သမီးလေးတစ်ပါးအလား။သူမျက်ရည်လေးတွေကျမိတယ်။သူမကသူ့ကိုခေါင်းလေးအသာရမ်းပြကာမငိုဖို့တားနေတယ်။
