“ Lisa နင့်မျက်နှာကြီးကဘာဖြစ်နေတာတုန်း။ ”
စာမေးပွဲဖြေရမယ့်နေ့ရောက်တော့ bam bam ကတော့စာအုပ်နဲ့မျက်နှာနှင့်မခွာတော့ကော်နဲ့ကပ်ထားသလားအောက်မေ့ရတယ်။ Chaeyoung ကတော့ပြန်နွှေးယုံသာ။ Lisa ကတော့စာအုပ်နဲ့တူတာတောင်လက်ထဲမှာမရှိ အရှေ့ကိုပဲငေးပြီးဘာတွေဖြစ်နေတယ်မသိပါဘူး။အင်းပေါ့လေ သူကစာရတာကို။
“ ငါ့ကိုစာမေးပွဲအတွင်းလာမတွေ့နဲ့တဲ့။အဲ့တာကြောင့်ကျန်တာကတော့အေးဆေး ”
Lisa ပြောပြီးရေဘူးကိုမော့သောက်လိုက်တယ်။ Chaeyoung ကတော့နှာခေါင်းရှုံ့လိုက်ပြီး။“ အော် ဟိုတစ်ခါတွေ့တုန်းကပါးဖောင်းဖောင်းလေးနဲ့ unnie လား ”
“ yarr...အကုန်လိုက်ကြည့်ထားတာပဲ ”
Lisa လက်ထဲကရေဘူးနဲ့ Chaeyoung ကျောပြင်ကိုရိုက်ပြီးပြောလိုက်တယ်။သဝန်တိုတယ်လေမတက်နိုင်။
“ ဖြစ်နေလိုက်တာ ”
သူတို့အတန်ကြာအတန်ကြာတိတ်ဆိတ်သွားပြီးစာမေးပွဲဖြေဖို့အချိန်ကျတော့အခန်းထဲဝင်သွားကြတယ်။
-----
“ လွမ်းနေပါပြီဆိုကွာ။ မ ရာ။နော်လို့ ”
ညရောက်တော့ ထုံးစံတိုင်းလာမတွေ့ရလို့အကောင်ကဖုန်းခေါ်ပြီးဂျစ်ပြီ။ Jen လည်းသူဖုန်းဆက်ရင်စာမဖတ်ရတော့။ဖုန်းကိုတော်တော်နဲ့မချ။
“ စာမေးပွဲပြီးရင်လာတွေ့ပါ ban ရယ်။မဂျစ်ပါနဲ့ကွယ် ”
သူမဝရံတာဘက်ကိုထွက်ခဲ့လိုက်ကာ။အတော်ကိုပြောမရ။ဘယ်လောက်မှမကြာတော့တာကိုပြောမကောင်းဆိုမကောင်းဖြစ်နေတာ။
“ ဟာ မ ရာ ”
သူ ကုတင်ပေါ်ဝုန်းခနဲလှဲချလိုက်သံကို သူမ ကြားလိုက်ရတယ်။သက်ပြင်းဖွဖွချလိုက်မိတယ်။ပြောတော့ မ နဲ့ပတ်သက်ရင်လိမ္မာပါမယ်ဆိုပြီး...။
“ ကဲ ကဲ။စာကျက်တော့နော် မ ဖုန်းချလိုက်တော့မယ် ”
“ ပြီးရောဗျာ ” “ တီ ”
ပြောပြီးဖုန်းကိုချက်ချင်းချလိုက်တဲ့ သူ။သူမ သဘောကျစွာပြုံးလိုက်တယ်။ဆိုးလိုက်တာ။
