“ စာမေးပွဲပြီးလို့သွားသောက်တာလေ lalisa ရနောက်ဆိုတွေ့ဖို့ခက်တော့မှာ ”
“ အေးလေ ”
“ မ ကသောက်တာမကြိုက်ဘူးဟ ”
သူငယ်ချင်းသုံးယောက်ဘီယာသွားသောက်ဖို့အငြင်းအခုန်ဖြစ်နေကြခြင်း။“ ဟာ unnie ကိုငါတို့ပြောပေးပါ့မယ်။ဟုတ်တယ်မလား bam bam ”
“ အင်း ဟုတ်တယ်။ငါတို့ခွင့်တောင်းပေးပါ့မယ် ”
“ သွားကြရအောင်ပါ ငါသောက်ချင်လို့ပါဟ ”
Chaeyoung ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီးပြောလိုက်တယ်။သူတို့ရောက်နေသည်မှာ Lisa တိုက်ခန်းတွင်ဖြစ်သည်။သူတို့အတွကိ Lisa တိုက်ခန်းသည်သာလွတ်လပ်တဲ့နေရာဖြစ်တယ်။
“ အာ ဒီလိုလုပ်ပါလား ”
Lisa လက်ဖျောက်တစ်ချက်တီးလိုက်ပြီး Chaeyoung တို့ကိုသူ့ဆီအာရုံရအောင်လုပ်လိုက်ကြတယ်။ဟိုနှစ်ယောက်ကတော့မျှော်လင့်ချက်မျက်နှာလေးတွေနဲ့။“ ငါ့တိုက်ခန်းမှာပဲသောက်ကြမယ်လေ ”
“ ဟ ”
Chaeyoung စိတ်ပျက်လက်ပျက်သူ့လက်ထဲကသောက်ပြီးကျန်သွားတဲ့အအေးဘူးနဲ့ပစ်ပေါက်လိုက်တယ်။“ အဲ့တာဆို မ ကစိတ်ချမှာဟ ”
“ unnie ကိုငါတို့ပြောပေးပါ့မယ်ဆိုဟာနင်ဘာတွေကြောက်နေတာလဲ ”
“ ကြောက်တာမဟုတ်ဘူးဟ ချစ်တာ ”
“... 🎶🎶 ”
သူငယ်ချင်း သုံးယောက်စကားပြောနေကြတုန်း Chaeyoung ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းမြည်လာတယ်။ ကြည့်လိုက်တော့ Kim jisoo တဲ့။အဟဲ အစကတော့ ချစ် လို့မှတ်ထားတာပစ်ထားလို့ပြန်ပြောင်းလိုက်တာ အဟင်းး။“ ဟဲလို အမိန့်ရှိပါ ”
“ park Chaeyoung လားမသိဘူးရှင့် ”
“ ဟုတ်ပါတယ်ရှင့် ”
“ yrr park Chaeyoung!!!! ”
Jisoo အော်လိုက်တာကြောင့် Chaeyoung နား နားကပ်ထားတဲ့ဖုန်းကိုခွာလိုက်တယ်။
“ အာ ဘာလို့အဲ့လောက်တောင်အော်နေရတာတုန်း ”
“ ရှင် ဘယ်ရောက်နေတာလဲ။စာမေးပွဲဖြေပြီးတာတောင် ကျမ ဆီရောက်မလာဘူး ”
