“ မမ...ရေဒီနေ့အားတယ်မဟုတ်လား။ shopping ထွက်ရအောင်လိုက်ပို့ Jen သွားချင်လို့ ”
ဒီနေ့ မမ ရုံးပိတ်ရက်မို့ Jen ပူဆာနေခြင်း။သူမ ဆေးခန်းကိုလည်းပိတ်ထားတယ်။အဟိ။မမ နဲ့တူတူမသွားရတာကြာပြီကို ဟွန့်။
“ အမလေးရှင်။ပိတ်ရက်လေးနားရမယ်ထင်တယ်။ဒီညီမလေးကလာချွဲနေတော့ ဘယ်လိုငြင်းရက်ပါ့မလဲ ”
ရင်ခွင်ထဲက Jen ပါးဖောင်းဖောင်းလေးတွေကိုဖျစ်ညစ်ရင်းပြောလိုက်တယ်။ဒါကိုပင် သူမလေး ကသဘောတွေကျလို့။တခြားသူတွေနဲ့ဆိုရင်သာခပ်တည်တည်ကြီးနေတဲ့ Jen ကသူ့အိမ်မှာကိုကလေးပဲ။ဖေဖေ နဲ့ မေမေ အမ ကိုချွဲတာလွန်ရော။ Jen တစ်ခါချွဲလိုက်တိုင်းသူတို့မှာသဘောကျလို့ကိုမဆုံး။ချွဲချိန်ကျရင် Jen က 29 နှစ်လောက်မထင်ရအောင်ပင်။
“ မငြင်းနဲ့လေ မမ ရ။လိုက်ပို့ရမှာ ဟွန့်။ဒီ ညီမလေး တစ်ယောက်ထဲရှိတာကိုနော်။အချိန်မပေးတာဘယ်လောက်တောင်ကြာနေပြီလဲ။ပြော။ပြော ”
ဟော။ဟော။နှုတ်ခမ်းကြီးတစ်ထောင်လောက်ဆူပြီးရန်တွေ့ပါပြီ။ Jen အလိုမကျရင်အဲ့လို။
“ အမလေး။အမလေး။ဒီဘက်ကိုလှည့်ပါအုံးရှင်။လိုက်ပို့မှာပေါ့။မမ ကစလိုက်တာကိုနှုတ်ခမ်းကြီးကလည်းဆူထားလိုက်တာကွာ ”
“ ပြီးရော။ရေသွားချိုးလိုက်အုံးမယ် ဟွန့် ”ဟော။သွားတာတောင်ခြေထောက်လေးကစောင့်သွားသေးတာ။
-----
“ မမ ရေသွာမယ်လို့။မမ ရေ...မမ ရေ.... ”
အယ်။တံခါးကိုတဒုန်းဒုန်းထုပြီးခေါ်နေတာ။ဒီကအလှပြင်နေပါတယ်ဆို။
“ ဝင်ခဲ့ပါရှင်။တံခါးကိုထုမနေပါနဲ့။သူပြီးတယ်ဆိုပြီး။ဒီမယ်မပြီးသေးဘူးရှင့် ”
အဲ့တော့မှတံခါးကိုဝုန်းခနဲဖွင့်ပြီးကုတင်ပေါ်ဝင်ထိုင်နေသတဲ့။
“ မမ ရာဘာတွေပြင်နေတာလဲလှပြီးသားဟာကို ”
အလိုမကျစွာနှုတ်ခမ်းလေးဆူပြီးပြောနေပြန်တယ်။
“ ပါးပါးလေးပါရှင် ”
“ ဒီတောင်လေးဆို မမ ကပိုတောင်လှသေး။မြှောက်ပြောနေတာမဟုတ်ဘူး။တကယ်ပြောနေတာ။မမ ပြောမှာသိလို့ကြိုပြောထားတာ ဟွန့် ”
