“ အင်း။မဆိုးဘူး Lisa မြေကွက်ကကျယ်လည်းကျယ်တယ်။တစ်ပတ်ပဲစောင့် appa ရအောင်ဝယ်ပေးမယ် ”
Lisa အရင်တစ်ခါကတွေ့ခဲ့တဲ့မြေကွက်ကို Mr.manoban ကိုခေါ်ပြီးလာပြလိုက်တယ်။
“ ဟုတ်။ appa အားကိုးပါတယ်။ဒါလေးတော့ရအောင်ဝယ်ပေးပါနော်။အဟဲ ”
Lisa mr.manoban ကိုသွားလေးတွေပေါ်အောင်ရယ်ပြရင်းပြောလိုက်တယ်။
“ ဟုတ်ပါပြီကွယ်။ဝယ်ပေးပါ့မယ် ”
Lisa လေးကဘာကိုမှကြီးကြီးမားမားတောင်းဆိုဖူးတာမရှိ။မိဘထားသလိုနေသောကြောင့် ဒါလေးတော့ ရအောင်ဝယ်ပေးရမယ်လို့ mr.manoban တွေးလိုက်တယ်။
“ Nae appa ဒါဆို company သွားမယ်ဆိုသွားတော့လေ။နောက်ကျနေလိမ့်မယ်။ li လည်းဒီနားခနသွားစရာရှိလို့ ”
“ အင်း ဟုတ်ပါပြီ။ဂရုစိုက်ပြီးသွားနော် Lisa အရင်တစ်ခါလိုမဖြစ်စေနဲ့ appa စိတ်ချမယ် ”
“ Nae appa စိတ်ချပါ ”
ပြောပြီး mr.manoban လည်းတံခါးအသင့်ဖွင့်ထားတဲ့ကားထဲဝင်ထိုင်လိုက်ကာ ကားလေးက company သို့ဦးတည်သွားတော့တယ်။
Lisa လည်းဘေးမှာရပ်ထားတဲ့ဆိုင်ကယ်ပေါ်တက်ခွကာဆိုင်ကယ်ဦးထုပ်လေးဆောင်းရင်း coffee ဆိုင်သို့မောင်းသွားလိုက်တယ်။
ဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲဝင်သွားကာ ကော်ဖီ နဲ့ ပီဇာ နှစ်ချပ်မှာပြီ Ruby ဆေးခန်းကိုဦးတည်လိုက်တယ်။
ဆေးခန်းရောက်တော့ဆိုင်ကယ်ရပ်ပြီးအထုတ်တွေဆွဲပြီးအထဲဝင်လာတော့ကောင်တာမှာ somi နဲ့ကောင်မလေးနှစ်ယောက်။ somi က Lisa ကိုမြင်တော့...။
“ အယ် ဟိုနေ့တုန်းက ညီမလေး ”
Lisa လည်း somi ကိုပြုံးပြလိုက်ကာ။
“ Nae unnie ဒီမှာ ပီဇာ ဝယ်လာတယ်။ unnie တို့အတွက် ”
Lisa လက်ထဲကပီဇာတစ်ချပ်ကိုပေးလိုက်ကာပြောလိုက်တယ်။
“ ဟယ်။ကျေးဇူးပါရှင်။ဗိုက်ဆာနေတာနဲ့အတော်ပဲ။အဟိ ”
“ ဟုတ် unnie doctor ရောရှိလား ”
“ အင်း။အထဲမှာရှိတယ် Lisa ”
“ ဟုတ်လား။ဝင်သွားလိုက်မယ်နော် ”
