part_26(final)

6.8K 276 41
                                    

နည်းနည်းလေးတော့ဆန်းသွားမလားပဲ။
အကြာကြီးနေမှပြန်ပေါ်လာပြီးဇာတ်သိမ်းသွားတယ်ဆိုတော့လေ...။တကယ်တော့အများကြီးထပ်ရေးချင်ပါရဲ့။မအားတာနဲ့စောင့်နေရတဲ့ Rd လေးတွေကိုအားနာလို့ပါ။နောက်ထပ်အသစ်လေးတွေမှာထပ်တွေ့ချင်ပါသေးတယ်။ ♡
ဒါကတော့ SE.... );

                 ####

“ ရှင် ဘယ်ချိန်ထိအိပ်နေမှာလဲ မောင် ”
“ ကျမ နဲ့ ကလေးလေး အတွက်နိုးလာပါတော့လား ဘာလို့အကြာကြီးအိပ်နေရတာလဲ...ရှင် နဲ့မဟုတ်ပဲကျမတစ်ယောက်ထဲရှင့်ကိုကြည့်ပြီးစကားပြောနေရတာ နှစ်လတောင်ရှိပြီလေ...”

ကားတိုက်မှုဖြစ်ပြီးတည်းကခွဲစိတ်မှုအောင်မြင်ပြီး သတိမရသေးတဲ့ Lisa ကုတင်ဘေးမှာ Jen ထိုင်ကာ Lisa လက်ကလေးကိုင်ပြီးစကားတွေပြောနေမိတယ်...နေ့တိုင်း၊ညတိုင်း၊အချိန်တိုင်း မောင် များ Jen စကားသံတွေကြားရင်ပြန်နိုးလာမလားဆိုတဲ့အသိနဲ့...။
မောင် ကိုကားနဲ့တိုက်တဲ့အဓိကတရားခံကိုလည်း‌သေသေချာချာသိထားပြီး ဖေဖေ တို့ မေမေ တို့ကပဲတရားစွဲဖို့လုပ်ခဲ့ကြတယ်။jen ကတော့အဲ့ကိစ္စတွေထဲမှာမပါ။ လုပ်တဲ့သူကိုသိပြီးတော့လည်းမထင်ထားလောက်အောင် အံ့ဩခဲ့ရတယ်။

“ Jen တစ်ခုခုစားပါလား ညီမလေး ရယ် ”
မမ ကဘေးနားရောက်လာပြီးလက်ထဲမှာလည်းအထုတ်တွေနဲ့.... Chaeyoung ပါ ပါလာတယ်။

“ ဟင့်အင်း မစားချင်ဘူး မမ ”

“ တစ်ခုခုတော့စားပါကွယ်။ဗိုက်ထဲက ကလေးလေး အတွက်လည်းကြည့်ရမယ်လေ ”
အဲ့ဝောာ့မှ Jen ဗိုက်လေးကိုငုံ့ကြည့်မိတယ်။ 7 လကျော်လာပြီဖြစ်တဲ့ဗိုက်လုံးလုံးလေးကို သူမ လက်ကလေးနဲ့အုပ်ကိုင်ထားမိတယ်။ပြီးတော့ မောင် လက်လေးကိုယူကာဗိုက်လေးပေါ်တင်ပေးလိုက်ပြီး မောင့် လက်ပေါ်မှာသူမလက်ကလေးတင်ထားမိတယ်။သတိရလာပါတော့ မောင်။
.
.
.
ဗိုက်ပေါ်ကမောင့်လက်ချောင်းသွယ်သွယ်လေးတွေလှုပ်ရှားလာသလိုရှိတာကြောင့် သူမ ငုံ့ကြည့်လိုက်မိတယ်။
ဟုတ်တယ် မောင့် လက်ချောင်းလေးတွေလှုပ်နေတာသူမသေချာသတိထားမိမယ်။

“ မမ မောင့် လက်ချောင်းလေးတွေလှုပ်နေတယ် ”

“ ဟင်။ဟုတ်လို့လား စိတ်ထင်လို့ပါ ညီမလေး ရယ် ”

Mg's Ruby Where stories live. Discover now