“ Chaeyoung ငါ့နှုတ်ခမ်းထောင့်ကိုတစ်ချက်လောက်အားပါပါထိုးလိုက်စမ်းပါ ”
ကျောင်းခေါင်မိုးပေါ်မှာသူငယ်ချင်းသုံးယောက်ထိုင်နေရင်း lalisa ပြောလိုက်တဲ့စကားကြောင့် bam bam နဲ့ Chaeyoung ကြောင်အသွားတယ်။ bam bam က Lisa မသိအောင် Chaeyoung ဘက်လှည့်ပြီးသူ့နားထင်ကိုလက်ညှိုးနဲ့တစ်ချက်နှစ်ချက်ထိုးပြလိုက်တယ်။ လွတ်သွားတာများလား။ ဒါကို Lisa သာမြင်ရင် Bam Bam ဒီနေရာမှာတင်အသက်ထွက်သွားမလားပဲ။
“ Chaeyoung!!! ငါပြောနေတယ်လေထိုးစမ်းလို့ ”
“ ရူးနေလို့ထိုးရမှာလား lalisa ရ ”
“ အေး။ငါလည်းမနေနိုင်မထိုင်ဖြစ်အောင်တွေ့ချင်နေလို့ အကြောင်ပြချက်ပေးပြီးသွားတွေ့မလို့ ”
“ ဘာတွေပြောနေတာလဲ lalisa။ဘယ်သူ့ကိုသွားတွေ့မှာလဲ။အဲ့သွားတွေ့ဖို့အကြောင်းပြချက်ကနှုတ်ခမ်းပေါက်ဖို့တဲ့လား ”
Lisa နောက်ကိုလှဲချလိုက်တော့နေရောင်ကမျက်နှာကိုစူးခနဲ။
“ ဟုတ်တယ်။နှုတ်ခမ်းပေါက်ဖို့။ဒီတိုင်းဆိုငါ့ကိုအတွေ့ခံမှာမဟုတ်ဘူး။မလာနဲ့တဲ့ပြောထားတယ်။ငါမတွေ့ရတာနှစ်ရက်သုံးရက်လောက်ရှိပြီ ”
“ Lisa ထစမ်း ”
Bam bam မတ်တပ်ရပ်ပြီးပြောလိုက်တယ်။ဘာအရူးထပြန်ပြီလဲမသိဘူး။ Chaeyoung ကတော့ခေါင်းသာခါနေလိုက်တယ်။ Lisa ထလိုက်တော့ bam bam က Lisa အင်္ကျီစကိုဆွဲပြီးနှုတ်ခမ်းထောင့်ကိုထိုးလိုက်တယ်။ချက်ချင်းဆိုသလိုသွားတွေစီးကျလာတယ်။ Lisa သဘောကျစွာပြုံးလိုက်ပြီး bam bam ပခုံးကိုပုတ်ကာချက်ချင်းပြေးထွက်သွားတယ်။
Chaeyoung bam bam ကိုစိတ်ပျက်လက်ပျက်ကြည့်ပြီး။
“ ဘာသွားလုပ်လိုက်တာလဲ ”
“ နင်မြင်တဲ့အတိုင်းပဲလေ ”
Chaeyoung ကျောပိုးအိတ်ကိုလွယ်ကာထထွက်သွားတယ်။ ငါ ပေါင်းနေတဲ့နှစ်ကောင်ကအရူးတွေပဲ။
-----
“ ဘယ်လိုဖြစ်တာလဲနှုတ်ခမ်းက ”
Lalisa နှုတ်ခမ်းကိုထိုးခိုင်းခြင်းရဲ့အဓိကရည်ရွယ်ချက်က doctor မလေးဆီလာဖို့ပဲ။အံ့ဩပ။
