“ ထပါ အချစ်ရယ် ထမင်းစားရအောင်နော် ”
“ မစားဘူးဆို ”
သူ့ကိုကျောပေးကာအိပ်နေတဲ့သူမကိုဘယ်လိုချော့လို့ချော့ရမှန်းမသိ။စားချင်တာမစားရလို့တဲ့လေ။“ အရမ်းမှောင်နေပြီလေ ni ရဲ့ရေခဲမုန့်သွားဝယ်ဖို့က ”
“ အဲ့တာပဲစားချင်တာပါဆို ”
ကိုယ်ဝန်ရင့်လာတာနဲ့အမျှရစ်တာနဲ့လိုချင်တာမရရင်ကောက်ရတာနဲ့တော်တော်နဲ့လည်းချော့မရ။ဆူလည်းမဆူရဲပါ...သူမလေးကနီးရာနဲ့ကောက်ပေါက်ပါရောအဲ့ကျရင်။“ Ni တစ်ခေါက်လောက်တော့ မောင့် စကားနားထောင်ပေးလို့မရဘူးလား ”
“ မသိဘူး။သွား အနားမလာနဲ့ ”
သူစိတ်ပျက်စွာဆံပင်တွေကိုထိုးဖွလိုက်တယ်။“ ni!!! ”
သူမလေးကဆစ်ခနဲထလာကာသူ့ကိုမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်လာလေတယ်။လန့်လာပြီ။“ အော်တာလား!!! ”
“ ဟမ် ဟမ် မဟုတ်ပါဘူး။ယောင်လို့ ယောင်လို့ ”
“ lalisa manoban!!!! ”
“ ဟိတ် ဟိတ် မအော်နဲ့လေ လူကြီးတွေနဲ့လို့။အိပ်နေကုန်ပြီလေလန့်ကုန်ပါအုံးမယ် ”
“ အာ့...အာ့ နာ...နာတယ်လေ ”သွားပြီ။ဗိုက်ခေါက်ကိုလိမ်ဆွဲလေပြီ။ငါ့အမှားပါ lalisa manoban ရဲ့။
“ ရှင်ဟာလေ...ကျမ လုပ်ရင်အရိုးတခြားအသားတခြားဖြစ်နေလောက်ပြီ ”
“ ခုလည်းတော်တော်အီနေပါပြီ မိန်းမ ရယ် ”
“ ဝယ်ပေးမှာလား မဝယ်ပေးဘူးလား။ ဘာလဲ ကျမ ဘာသာသွားဝယ်စေချင်တာလား ”
“ ni ဖေဖေနဲ့မေမေ ကဆူလိမ့်မယ် မောင် မသွားရဲဘူး ”
“ တိတ်တိတ်လေးသွားရင်ဘယ်သူကသိမှာလဲ။မောင် နော်ကုတင်ပေါ်ကကန်ချလိုက်ရမလားပြော ”
“ မိန်းမ ကလည်းဒီချိန်ကြီးမောင့်ကိုတစ်ယောက်ထဲသွားစေချင်လို့လား ”
“ ni စားချင်ပါတယ်ဆို..... ”
အော် အော် ဒီလောက်ချွဲနေမှတော့ဒီလူကဘယ်လိုများခံနိုင်ရည်ရှိတော့မှာလဲ။မတတ်နိုင် သွားဝယ်ပေးရတော့မှာလဲ။မဟုတ်ရင်ဒီညကောင်းကောင်းအိပ်လို့ရမှာမဟုတ်ပေ။
