လက်ထပ်ဖို့ငါးလအလို Lisa နဲ့ Jen မှာစေ့စပ်ထားကြပြီး။ Lisa ကလည်းသူ့ appa company မှာအလုပ်ဝင်သလို Jen ကလည်းအလုပ်တွေပိုကြိုးစားလာတယ်။သူမတို့နှစ်ယောက်ရှေ့ရေးအတွက်။နှစ်ယောက်တူတူတွေ့ဖို့အချိန်ကရှားလာသလိုနားချိန်လည်းပိုနည်းလာကြတယ်။မောင် ကတော့ပြောတယ်လက်ထက်ပြီးရင် ဂျဲန်း ကိုအလုပ်လုပ်မလုပ်ရတော့ဘူးတဲ့သူ့ဘာသာရှာကျွေးမယ်တဲ့။ မောင် တစ်ယောက်ထဲပင်ပန်းမှာကိုတော့
ဂျဲန်း ကဘယ်လိုလုပ်ကြည့်ရက်ပါ့မလားလေနော်။ဒီနေ့နှစ်ယောက်လုံးအလုပ်နားတာကြောင့် အေးအေးဆေးဆေး date ဖို့ပြောထားကြတယ်။တစ်ပတ်လောက်မတွေ့ရတဲ့သူ့မျက်နှာလေးကိုအရမ်းလွမ်းတာပဲ။မောင် ကြိုက်တဲ့အဝါရောင်။ဒူးလောက်ပဲရှိတဲ့အဝါရောင်ဂါဝန်လေးကိုဝတ်ပြီး မှန်ရှေ့မှာတစ်ပတ်လောက်လှည့်ကြည့်လိုက်တယ်။ပြီးတော့ဆုံပင်ခွေခွေလေးတွေကိုသေချာချပြီးနှုတ်ခမ်းနီရဲရဲလေးစိုးလိုက်တယ်။
ကားသံကြားလို့ ဂျဲန်း ပြတင်းပေါက်ကိုအပြေးလေးသွားကြည့်လိုက်တော့ မောင့် ကားဝင်လာတာ။ဖုန်းနဲ့ပိုက်ဆံအိတ်ယူပြီး
ဂျဲန်း အောက်ထပ်ကိုအပြေးလေးဆင်းသွားတယ်။အရမ်းလွမ်းနေပြီ အဟိ။“ အော် သမီးငယ် တောင်ဆင်းလာပြီ။အပြင်မှာအေးဆေးနေကြနော်။မတွေ့ရတာကြာပြီမဟုတ်လား ”
ဂျဲန်း ဆင်းလာတာကို မောင် နဲ့စကားပြောနေတဲ့ appa ကမြင်ပြီးပြောလိုက်တာကြောင့်
ဂျဲန်း ရှက်ပြုံးလေးပြုံးလိုက်တယ်။မောင် ကတော့ ဂျဲန်း ဆီကအကြည့်တွေမခွာတော့။“ ဟုတ် appa ဒါဆို သမီး တို့သွားတော့မယ်နော် ”
“ ကောင်းပါပြီကွယ်။ဂရုစိုက်ကြအုံးနော် ”
“ ဟုတ်ကဲ့ ” “ ဟုတ်ကဲ့ ”
----
“ မတွေ့ရတဲ့ရက်အတွင်းပိုလှလာသလိုပဲ ”
ကားထဲရောက်တော့မောင်းနေပြီဟာကို မောင် ကမနေနိုင်မထိုင်နိုင်စွာပင်ကားကိုလမ်းဘေးချရပ်ပြီး ဂျဲန်း ကိုနှစ်ကိုယ်ကြားလေးပြောတော့တယ်။တကယ့်ကိုငြင်ငြင်သာသာလေး။“ မောင် ရယ်ဘာလို့ရပ်လိုက်တာလဲ။တစ်ခါထဲရောက်အောင်မောင်းလိုက်တာမဟုတ်ဘူး ”
