“ young ရယ်ဂျီမကျစမ်းပါနဲ့ ”
“ ဟာ.....မမ အလုပ်တွေပဲလုပ်နေတာလေ young ကိုဘယ်တုန်းကဂရုစိုက်လို့လဲ ”
Chaeyoung jisoo ကိုတွေ့ဖို့ပြောနေတာ jisoo ကမအားနှစ်ယောက်ညှိမရ၍စကားအခြေအတင်ဖြစ်နေသည်။“ Lisa တို့ဆိုနေ့တိုင်းတွေ့နေတာ Jennie unnie ကတွေ့ခွင့်ပေးတယ်။ မမ ကကျတော့အဲ့လိုမဟုတ်ဘူး young ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား ”
Jisoo စုတ်တစ်ချက်သပ်လိုက်ကာ။
“ young စကားတွေလွန်မလာနဲ့။ မမ တကယ်မအားလို့ပြောနေတာလေကွာ ”“ လုပ်ကွာ။အဲ့အလုပ်တွေပဲလုပ်နေ young ကိုလာမခေါ်နဲ့။ ”
ပြောပြီးဖုန်းချက်ချင်းချသွားတဲ့ ကလေးငယ် ။ကျမ ထပ်သူကအလိုမကျတာတွေပိုများတယ်။ပြောတော့မဆိုးပါဘူးလေးဘာလေးနဲ့မပြောလိုက်ချင်ဘူး။မအားတဲ့သူကိုလာပြီးဂျစ်တိုက်နေတယ်။ jisoo စိတ်ထဲကနေပွစိပွစိပြောနေမိတယ်။
----
“ အာ့ ”
ရင်ခွင်ထဲကသူမလေးရဲ့အော်သံကြောင့် Lisa သူမဗိုက်လေးကိုအသာအယာပွတ်ပေးနေမိတယ်။ Menstruation ဖြစ်နေတာကြောင့်သူမလေးကစိတ်မကြည် သူ့ ကိုမထင်ရင်မထင်သလိုသူမအနားမလာဖို့နှင်လွှတ်သေးတာ။အခုတောင်မနည်းချော့ပြီးနေ နေရတယ်။အနားမကပ်ရတာနှစ်ရက်တောင်ရှိပြီလေ။ဟော့ဒီက li လေးကလွမ်းတာပေါ့။
ဆံပင်လေးကိုဖွဖွလေးနမ်းလိုက်တော့ သူမလေး ကရင်ခွင်ထဲကနေလှုပ်လှုပ်ရွရွဖြစ်လာတယ်။
“ အား ဖယ်ဆို။မဖက်နဲ့လို့ ပြောထားတယ်လေ ”
သူမ ကပြောပြီး Lisa ကိုခပ်စပ်စပ်လေးရိုက်တယ်။“ နိုးလာပြီလား မောင့် အချစ်လေး။အရမ်းအောင့်နေလားဗိုက်က ”
တတ်နိုင်သလောက်ချော့မော့ပြီးပြောရတယ်။မဟုတ်ရင် li လည်တိုင်မှာသူမသွားကိုက်ရာလေးထင်းနေမှာ။ဘာတွေစိတ်တိုပြီး li ကိုကိုက်တယ်မသိ။“ ဟင့်အင်း။သက်သာတယ် ”
“ ဗိုက်ဆာလား။မောင် ဘာလုပ်ပေးရမလဲ ”
“ ခေါက်ဆွဲပြုတ်စားချင်တယ် ”
Li ကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်ပြီးပြောနေသည်မှာချစ်စရာအတိ။ဒါပေမယ့် လည်းခေါက်ဆွဲပြုတ်စားခိုင်းဖို့အလိုလိုက်လို့မဖြစ်။
