part_3

4K 331 33
                                    

“ ကျီ...ဒုန်းး!!! ”
ကားလမ်းပေါ်မှာဖြည်းဖြည်းမှန်မှန်မောင်းလာတဲ့ကားရှေ့ကိုဆိုင်ကယ်တစ်စီးရုတ်တရက်ပေါ်လာ‌တာကြောင့်အရှိန်မထိန်းနိုင်ပဲတိုက်မိသွားတယ်။ကားပေါ်ကကောင်မလေးကလည်းတုန်လှုပ်နေသလိုဆိုင်ကယ်ပေါ်ကကောင်မလေးကလည်းလဲနေတဲ့ဆိုင်ကယ်ဘေးမှာငုတ်တုတ်လေး ။သူမ ကားကို‌ဘေးချရပ်ပြီးကားပေါ်ကအမြန်ဆင်းကာဆိုင်ကယ်ဘေးမှာငုတ်တုတ်လေးထိုင်နေတဲ့ကောင်မလေးဆီပြေးသွားလိုက်တယ်။

“ ရ...ရရဲ့လား ”
သူမ ဒီလိုတစ်ခါမှမဖြစ်ဖူးတာကြောင့်တုန်ယင်နေတဲ့အသံကိုထိန်းကာမနည်းအားယူပြီးမေးလိုက်ရတယ်။အောက်က‌ ကလေးမလေး ကတော့ရှုံ့မဲ့လို့ခေါင်းမှာလည်းသွေးတွေစီးကျနေတယ်။

“ အာ့....ခေါင်း...ခေါင်းကတော်တော်နာတယ်။ခင်ဗျားကြည့်မနေနဲ့လေတစ်ခုခုလုပ်ပေးပါအုံး ”
အဲ့တော့မှ သူမ လည်း သူ့ ကိုအမြန်ဆွဲထူလိုက်ကာတွဲပေးပြီးကားပေါ်တင်လိုက်တယ်။ပြီးတော့ သူမ ရဲ့ဆေးခန်းရှိရာကိုအမြန်မောင်းလိုက်တယ်။

“ ခန။ခနလေး‌သည်းခံနော် တို့ ကဆရာဝန်ပါ။တို့ ဆေးခန်းကဒီနားမှာပဲနီးနီးလေးရောက်တော့မယ်။ ”
သူ ဘာမှပြန်မပြောနိုင်သွေးတွေစီးကျ‌နေတဲ့နေရာကိုလက်နဲ့ဖိထားတယ်။10 မိနစ်လောက်ကြာတော့ သူမ ပြောတဲ့ဆေးခန်းကိုရောက်လာတယ်။

“ ရရဲ့လား....။ဖြည်းဖြည်းဆင်းနော် တို့ ကိုအားပြုပြီးဆင်း ”
ခါးလည်လောက်ရှိတဲ့ဆံပင်လေးတွေကိုမြင့်မြင့်လေးမြှောက်စီးထားတဲ့သူမ။ပါးဖောင်းဖောင်လေးတွေနဲ့မျက်ခွံပေါ်ကမှည့်လေးကအထင်းသား။သူ ခေါင်းထိထားတာတောင်အဲ့လောက်လိုက်ကြည့်နေမိတယ်။

“ ဖြည်းဖြည်းနော်။ဖြည်းဖြည်း။ဒီကုတင်ပေါ်ထိုင်လိုက် ”
သူ သူမ ထိုင်ခိုင်းတဲ့ကုတင်ပေါ်အလိုက်သင့်လေးထိုင်လိုက်တယ်။

“ တအားမများသွားလို့တော်သေးတာပေါ့။ တို့ ဆေးထည့်ပြီးပတ်တီးစီးပေးမယ်နော်။အရမ်းနာနေလားခနလေးနော်။ ”
တစ်ယောက်ထဲစကားတွေပြောပြီးတစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့ သူမ ကိုကြည့်ပြီး သူ နာနေတဲ့ကြားကပြုံးမိသေးတယ်။သိပ်ချစ်ဖို့ကောင်းတာပဲ။သူမ ‌လုပ်ပေးတဲ့အတိုင်း သူ အောက်ကငြိမ်ငြိမ်လေးထိုင်နေတယ်။

Mg's Ruby Where stories live. Discover now