အိပ်ယာကနိုးတော့ဘေးကိုစမ်းကြည့်လိုက်တော့လွတ်နေတာကြောင့် သူမ အလိုမကျစွာထထိုင်လိုက်တယ်။
ဘေးခုံပေါ်ကဖုန်းမြည်လာတာကြောင့်ကြည့်လိုက်တော့...။ဟွန်းး အမြင်ကပ်စရာပဲ။“ ဟဲလို မောင့် အချစ်လေးနိုးပြီလား ”
Company မှာအစည်းအဝေးရှိတာကြောင့် မနက်အစောကြီးထလာရခြင်းကြောင့် သူမ နိုးလာတဲ့ထိမစောင့်ပဲစောစောထွက်လာခဲ့ခြင်းဖြစ်တယ်။
ဒါကို သူမလေး ကအိပ်ယာကနိုးတော့မတွေ့လို့အလိုမကျဘူးထင်ပါရဲ့။သူ နှစ်ခြိုက်စွာပြုံးလိုက်မိတယ်။“ အွန်း ”
အခြေအနေကမကောင်းဘူး အဟင်းး။အွန်း တဲ့လေ။
“ အာ့ဆို။မျက်နှာအရင်သစ်ပြီးရင် မောင် မနက်စာစားဖို့အဆင်သင့်လုပ်ပေးခဲ့တယ်နော် စားလိုက်နော် ”“ အင်း ”
“ အဲ့တာဆိုဒါပဲနော် မောင် အစည်းအဝေးလေးစတော့မှာမိုလို့ ”
“ ပြီးရော ”
အမ် သူမလေးကဖုန်းအရင်ချသွားတယ်။ဟဟ တကယ့်ကိုကလေးလေးလိုပဲ။
-----
ဟွန်း။အိပ်ယာထတာသူများကိုမနှိုးသွားဘူး။မနက်တိုင်းတူတူထတဲ့ဟာကိုမသိတာလား။ခုကျအိပ်ယာထရတာဟာတာတာကြီးနဲ့။သူမ မျက်နှာသစ်ရင် မောင့် ကိုပွစိပွစိပြောနေမိတယ်။တကယ်ပါပဲ ဒီ လူ ကတော့လေ။
ပြီးတော့ မနက်စာလေးစားပြီးမှရေချိုးလိုက်မယ်ဆိုပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။
ခုံပေါ်မှာစားဖို့အသင့်ပြင်ပေးခဲ့တဲ့ မောင့် ကြောင့် သူမ နှစ်ခြိုက်စွာပြုံးလိုက်မိတယ်။------
“ အမလေး Jen တို့ကတော့အိမ်ထောင်ကျပြီးတည်းကအိမ်ကိုပြန်လာတယ်မရှိဘူး။ မေမေ့ အငယ်ဆုံး သမီး ကတော့ ”
အပေါ်ထပ်ကနေဆင်းလာရင်း သမီးငယ် ပွစိပွစိပြောနေတဲ့ jisoo ကြောင့် Mr.kim တို့လင်မယားနှစ်ယောက်သဘောကျစွာပြုံးလိုက်မိတယ်။“ ဘယ်ပြန်လာပါ့မလဲ သမီးကြီး ရဲ့ အိမ်ထောင်ကျသွားပြီပဲဟာ ”
Jisoo ဆိုဖာပေါ်ဝင်ထိုင်လိုက်ကာ။
“ မဆိုင်ပါဘူး။ မေမေ တို့ကိုသတိရရင်ပြန်လာရမှာပေါ့။ဒါသတိမရလို့ပဲနေမှာ ”
